Connect with us

Economy

စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် မဟာဗျူဟာမြောက်အလေးထားဆောင်ရွက် ၊ ယုံကြည်ချက်က အရေးပါဆုံးဖြစ်ဟု သမ္မတရှီ မီးမောင်းထိုးပြ

တရုတ်နိုင်ငံအရှေ့ ပိုင်း ရှန်ဟိုင်းမြို့ ရှိ Yangshan ဆိပ်ကမ်း ကုန်တင်ကုန်ချနေမှုမြင်ကွင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇူလိုင် ၂၉ ရက်က ပြုလုပ်သည့် စာတမ်းဖတ်ပွဲတစ်ခုတွင် သဘာပတိအဖြစ် ဆောင်ရွက်၍ ဒုတိယနှစ်ဝက်ကာလအတွင်းစီးပွားရေးအခြေအနေများ နှင့် စီးပွားရေးလုပ်ဆောင်မှုများအပေါ် CPC အဖွဲ့ဝင်မဟုတ်သူများထံမှ ထင်မြင်ချက်များ နှင့် အကြံပြုချက်များတောင်းခံမိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

သမ္မတရှီက မိန့်ခွန်းပြောကြားရာတွင် ယုံကြည်မှုကို မြင့်မြင့်မားမားထားရှိရန် မဖြစ်မနေလိုအပ်ကြောင်း ၊ မဟာဗျူဟာမြောက်အလေးထားဆောင်ရွက်မှုကို ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်နေမှုကာလအတွင်း ပြည်တွင်းပြည်ပ အခြေအနေ နှစ်ခုစလုံးကို မျက်ခြေမပြတ်စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

စီးပွားရေးလုပ်ငန်းများတွင် စိန်ခေါ်မှုများ နှင့် ပြဿနာများ ရှိနေလင့်ကစား တရုတ်နိုင်ငံ၏ စီးပွားရေးသည် ခရီးလမ်းတစ်လျှောက် တိုးတက်မှုအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ရှီက ဆိုသည်။ ထို့ပြင် ခေတ်မီတိုးတက်သော ပို့ကုန် ပုံစံ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရန် လိုအပ်ကြောင်း ၊ ခေတ်မီနည်းပညာမြင့်မားဖွံ့ဖြိုးစေရေ ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့CPC ဗဟိုကော်မတီ နိုင်ငံရေးပေါ်လစ်ဗျူရိုအမြဲတမ်းအဖွဲ့ဝင်များဖြစ်ကြသော တရုတ်ဝန်ကြီးချုပ်လီခဲ့ချန် ၊ ဝမ်းယန် ( Wang Yang) ၊ ဝမ်ဟုနင်း(Wang Huing) ၊ ဟန့်ကျိန်း (Han Zheng) တို့တက်ရောက်ခဲ့ကြသည်။

လီက တရုတ်နိုင်ငံစီးပွားရေးလုပ်ငန်း၏ ယခုနှစ် ပထမနှစ်ဝက်အပေါ် ပြန်လည်သုံးသပ်ခဲ့ပြီး လာမည့် ဒုတိယနှစ်ဝက် စီးပွားရေးလုပ်ငန်းအတွက် CPC ဗဟိုကော်မတီ၏ အစီအစဉ်များအကြောင်းကို မိတ်ဆက်ရှင်းလင်းပြောကြားခဲ့သည်။

ကွန်မြူနစ်ပါတီမဟုတ်သော အခြားပါတီ ၈ ခုမှ ဗဟိုကော်မတီအကြီးအကဲများ နှင့် တရုတ်နိုင်ငံစက်မှုလုပ်ငန်း နှင့် စီးပွားရေးဖက်ဒရေးရှင်းအပါအဝင် မည်သည့်ပါတီဝင်မျှမဟုတ်သော ကိုယ်စားလှယ်များကလည်း အသီးသီးပါဝင်ဆွေးနွေးခဲ့ကြပြီး စီးပွားရေးလုပ်ငန်းအတွက် စီးပွားရေးအခြေအနေ နှင့် အစီအစဉ်များအပေါ် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ လေ့လာသုံးသပ်မှုကို သဘောတူညီခဲ့ကြကြောင်းသိရသည်။

သမ္မတရှီပြောကြားသည့်အတိုင်း တရုတ်နိုင်ငံစီးပွားရေးအခြေအနေအပေါ် အကြံပြုချက်များကို ၎င်းတို့ကပေးအပ်ခဲ့ကြပြီး ထိုအကြံပြုချက်များအား CPC ဗဟိုကော်မတီက အလေးအနက်ထား စဉ်းစားသွားမည်လည်း ဖြစ်သည်။

ရှီက CPC ဗဟိုကော်မတီ၏ မူဝါဒရေးရာအကောင်အထည်ဖော်မှု၌ ပူးပေါင်းပါဝင်၍ အကြံပြုချက်များပေးခဲ့ကြခြင်းအတွက် ၎င်းတို့အား ကျေးဇူးတင်စကားဆိုခဲ့သည်။ အစိုးရအနေဖြင့် တီထွင်ဖန်တီးမှုမောင်းနှင်အား ဖွံ့ဖြိုးတိုးတက်ရန် အားပေးမြှင့်တင်ရမည်ဖြစ်ကြောင်း နှင့် အထိန်းအချုပ်မဲ့စီးပွားရေးအနေအထား မဖြစ်ပေါ်စေရန် စီးပွားရေးပတ်ဝန်းကျင်ကောင်းတစ်ခုကို တည်ဆောက်ပေးသွားရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

တရုတ်နိုင်ငံတည်ထောင်ခြင်း နှစ် ၇ဝ ပြည့်အခါသမယ ကျရောက်နေသော ယခုနှစ် ဒုတိယနှစ်ဝက်ကာလအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် နှင့် တည်ငြိမ်သောအခြေအနေတစ်ရပ်ဖြစ်ပေါ်စေရန် ရှီက လမ်းညွှန်မှာကြားခဲ့သည်။

၎င်းက CPC အဖွဲ့ဝင်မဟုတ်သူများအနေဖြင့်လည်း တိုင်းပြည်၏လက်ရှိ စီးပွားရေးအခြေအနေကို ကောင်းစွာသဘောပေါက်သိမြင်ရမည်ဖြစ်သလို ယုံကြည်မှု နှင့် တွေးတောကြံဆမှုကိုလည်း တိုး၍လုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ ပြည်တွင်းပြည်ပ ရှုပ်ထွေးပြောင်းလဲမှု ဖြစ်စဉ်အခြေအနေများဖြင့် ကြုံတွေ့နေရလင့်ကစား တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ယေဘုယျအားဖြင့် တိုးတက်မှုရှိပါတယ် ” ဟု ရှီက ဆိုသည်။ “ အလေးအနက်ထား ဆက်လက်လုပ်ဆောင်နေသမျှကာလပတ်လုံး ၊ ကျွန်တော်တို့ဟာ ကြိုးပမ်းအားထုတ်ရပါမယ်။ ကျွန်တော်တို့ရဲ့ အရေးပါတဲ့ပြုပြင်ပြောင်းလဲမှုတွေ ၊ တီထွင်ဆန်းသစ်မှုတွေ ၊ တက်ကြွလှုပ်ရှားမှုတွေနဲ့ ကျွန်တော်တို့ရဲ့ အကြံဉာဏ် အကြောင်းပြချက်အသစ်တွေကို စတင်ရပါမယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးသင်္ဘောကြီးဟာ လှိုင်းလေကြားမှာ ဆက်လက်ရွက်လွှင့်ပြီး ရှေ့ကို တည်တည်ငြိမ်ငြိမ်နဲ့ဆက်လက် ချီတက်သွားမှာပါ” ဟု ရှီက ဆိုသည်။

တရုတ်နိုင်ငံစီးပွားရေးအသွင်ကူးပြောင်းမှုသည် လျင်လျင်မြန်မြန်တိုးတက်မှုအဆင့်တစ်ခုမှနေ၍ အရည်သွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုအဆင့်တစ်ခုဆီသို့သွားနေပြီး ဖွံ့ဖြိုးမှုဆိုင်ရာ အယူအဆများ ၊ အကောင်းဘက်ရှုမြင်သည့် စီးပွားရေးပုံစံတည်ဆောက်ပုံ နှင့် ဖွံ့ဖြိုးမှုမောင်းနှင်အားများကို အပြောင်းအလဲတစ်ခုပြုလုပ်ရန် လိုအပ်ကာ ယင်းမှာ လွယ်ကူသည့်ကိစ္စတစ်ခုမဟုတ်ကြောင်း ၎င်းကဆိုသည်။

CPC အဖွဲ့ဝင်မဟုတ်သူများအနေဖြင့် CPC ဗဟိုကော်မတီ၏ မဖြစ်မနေလိုအပ်သောကိစ္စရပ်များအပေါ် အလေးထားဆောင်ရွက်နိုင်ရန် နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသော ကိစ္စရပ်များကို အဖိုးတန်အကြံပြုချက် နှင့် အရေးပါသော ပံ့ပိုးမှုတွင် ၎င်းတို့၏ ကျွမ်းကျင်မှု နှင့် အခွင့်အလမ်းများကို အပြည့်အဝ အသုံးချ ပါဝင်လုပ်ကိုင်ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ရှီက ဆိုသည်။

ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် CPC အဖွဲ့ဝင်မဟုတ်သူများအနေဖြင့် အခက်အခဲများ နှင့် စိန်ခေါ်မှုများကိုလည်း ကြုံတွေ့ရနိုင်ဖွယ်ရှိပြီး ၎င်းတို့အနေဖြင့် တာဝန်ဝတ္တရားများကို တာဝန်ယူမှုတာဝန်ခံမှုများဖြင့် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်းလည်း ရှီက ပြောကြားခဲ့သည်။

“ နိုင်ငံတော်ကြီးဟာ နှစ်ပေါင်း ၇ဝ ကာလအတွင်း ထူးခြားအံ့သြဖွယ် ခရီးရှည်ကြီးကို ချီတက်လာခဲ့ပါတယ်။ တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုရဲ့ တောက်ပတဲ့ အကျိုးစီးပွားအပေါ် ကျွန်တော်တို့ဟာ အပြည့်အဝ ယုံကြည်မှုထားသင့်သလို ရှေ့ဆက်လျှောက်လှမ်းနေတဲ့ လမ်းမကြီးအပေါ်မှာ အလှည့်အပြောင်းတွေကို အပြည့်အဝ အသိအမှတ်ပြုမှာပါ ” ဟု ရှီက ဆိုသည်။

CPC ခေါင်းဆောင်မှု နှင့် ဆိုရှယ်လစ်စနစ်၏ နိုင်ငံရေးအသီးအပွင့်များအပေါ် အကျိုးဖြစ်ထွန်းအောင် ကြိုးပမ်းအားထုတ်သွားရမည်ဖြစ်ကြောင်း နှင့် စိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲပြီး ကြုံတွေ့ရမည့် အန္တရာယ်များကို ခုခံရင်ဆိုင်ရန် နှင့် ကြိုတင်ကာကွယ်ရန်အတွက် အပြည့်အဝကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့်လည်း တရုတ်နိုင်ငံ၏ အာဏာရ ကွန်မြူနစ်ပါတီအနေဖြင့် နိုင်ငံစီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပါတီဝင်မဟုတ်သည့် နိုင်ငံသားများထံမှပါ အကြံဉာဏ်များ ရယူ၍ ပူးပေါင်းဆောင်ရွက်နေကြောင်း သုံးသပ်ရပေသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117