Connect with us

Economy

တရုတ် နိုင်ငံ သည် အမေရိကန် နိုင်ငံ ၏ အကြီးဆုံး မြီရှင် ပြန်လည် ဖြစ်လာ

တရုတ် နိုင်ငံ မှ အမေရိကန် နိုင်ငံ ချေးငွေ ပိုင်ဆိုင်မှု နှင့် ပတ်သက် ၍ ဖော်ပြ ထားပုံ (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၁၇ ရက် (ဆင်ဟွာ)
အမေရိကန် ဘဏ္ဍာရေးဌာန ၏ ၁၅ ကြိမ်မြောက် ထုတ်ပြန်သည့် စာရင်းအရ အမေရိကန်နိုင်ငံသည် မတ်လတွင် တရုတ်နိုင်ငံ အပေါ် အကြွေး ဒေါ်လာ ၃၇.၃ ဘီလီယံ တိုးမြင့် လာသောကြောင့် တရုတ်နိုင်ငံသည် အမေရိကန်၏ အကြီးဆုံး အကြွေးရှင် ထပ်မံဖြစ်လာခဲ့သည်။

အမေရိကန် ဘဏ္ဍာရေး ဌာန၏ စာရင်းဇယားအရ တရုတ် နိုင်ငံမှ အမေရိကန် နိုင်ငံ ချေးငွေ ပိုင်ဆိုင်မှု သည် ဖေဖေါ်ဝါရီလ အထိ ဒေါ်လာ ၁.၂၂၃၇ ထရီလီယံ ရှိ ခဲ့ပြီး မတ်လ တွင် ချေးငွေ ပိုင်ဆိုင်မှု ဒေါ်လာ ၃၇.၃ ဘီလီယံ တိုးမြင့် လာသောကြောင့် ၁.၂၆၁ ထရီလီယံ အထိ ရောက်ရှိခဲ့သည်။
ဂျပန် နိုင်ငံ သည် မတ်လ တွင် အမေရိကန် နိုင်ငံ ချေးငွေ ပိုင်ဆိုင်မှု ၂.၅ ဘီလီယံ တိုးလာခဲ့ ပြီး အမေရိကန် နိုင်ငံ ချေးငွေ ပိုင်ဆိုင်မှု ပမာဏ သည် ပြီးခဲ့သည့်လ က ဒေါ်လာ ၁.၂၂၃၇ ထရီလီယံ မှ ၁.၂၂၆၉ ထရီလီယံ သို့ မြှင့်တက် လာခဲ့သည်။
ဖေဖေါ်ဝါရီ လ အထိ စာရင်း အရ အမေရိကန် ၏ နိုင်ငံတော် ချေးငွေ ကို ဂျပန် နိုင်ငံမှ အများဆုံး ပိုင်ဆိုင် ခဲ့ပြီး တရုတ် နိုင်ငံကို ကျော်တက်ခဲ့သည်။
မတ်လကုန် အထိ အမေရိကန် သည် နိုင်ငံခြား ချေးငွေ စုစုပေါင်း ဒေါ်လာ ၆.၁၇၅၉ ထရီလီယံ အထိ ရှိလာပြီး ယခင်လက ဒေါ်လာ ၆.၁၆၂၈ ထရီလီယံ ရှိခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117