Connect with us

Economy

နန်နင်းနှင့် ဘန်ကောက် တိုက်ရိုက်လေကြောင်းသစ် ပြေးဆွဲမည်

GX လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ပျံသန်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နန်နင်း၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တို့ တိုက်ရိုက်လေကြောင်းသစ် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၃ ရက်တွင် စတင်မည့် ပြည်ပခရီးစဉ်အား ပေကျင်းစံတော်ချိန် ညနေ ရး၀၀ နာရီ၌ ထွက်ခွာမည် ဖြစ်ပြီး ဘန်ကောက်မြို့သို့ ဒေသစံတော်ချိန် ည ၈း၂၅ နာရီအချိန်တွင် ရောက်ရှိမည် ဖြစ်သည်။ ခရီးစဉ်တစ်ကြောင်းလျှင် အချိန် ၂ နာရီ ၂၅ မိနစ်ကြာမြင့်မည် ဖြစ်သည်။“ကွမ်ရှီးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဖလှယ်မှုများ တက်ကြွစွာ လုပ်ဆောင်ခဲ့ပါတယ်” ဟု အဆိုပါ လေကြောင်းလိုင်းကို လည်ပတ်မည့် ကွမ်ရှီးဒေသပိုင် GX လေကြောင်းလိုင်း အထွေထွေမန်နေဂျာ လီချုံဖုန်း (Li Chongfeng) ကပြောကြားခဲ့သည်။အဆိုပါ ကုမ္ပဏီသည် လက်ရှိတွင် မြို့ကြီး ၅၅ မြို့အကြား ပြည်တွင်းနှင့် နိုင်ငံတကာ လေကြောင်းလိုင်း ၅၆ ဖြင့် ပျံသန်းနေပါသည်။ ကုမ္ပဏီအနေဖြင့် နှစ်နှစ်အတွင်း ဟနွိုင်း၊ ဂျကာတာနှင့် မနီလာ မြို့များသို့ တိုက်ရိုက်လေကြောင်းလိုင်းများ ပိုမိုပျံသန်းရန် စီစဉ်ထားကြောင်း ကြေညာထားကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117