Connect with us

Economy

တရုတ်၏ နိုင်ငံခြားကုန်သွယ်မှု ဇန်နဝါရီလ အတွင်း ၁၀ ဒဿမ ၈ ရာခိုင်နှုန်း ကျဆင်း

ကွန်တိန်နာ ဆိပ်ကမ်းအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ဇန်နဝါရီလ အတွင်း စုစုပေါင်းကုန်သွယ်မှု တန်ဖိုး ယွမ်၂ ဒဿမ ၀၉ ထရီလီယမ် (အမေရိကန် ဒေါ်လာ ၃၄၁ ဒဿမ ၁၆ ဘီလီယံ) ရှိပြီး နှစ်အလိုက်နှိုင်းယှဉ်လျှင် ၁၀ ဒဿမ ၈ ရာခိုင်းနှုန်း ကျဆင်းနေကြောင်း အထွေထွေ အကောက်ခွန် ဦးစီးရုံးချုပ်က ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြောသည်။

ပို့ကုန်တင်ပို့မှုသည် ယွမ် ၁ ဒဿမ ၂၃ ထရီလီယံ (USD)၊ ရာခိုင်နှုန်းအားဖြင့် ၃ ဒဿမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တင်သွင်းမှုသည် ယွမ် ၈၆၀ ဘီလီယံ (USD)၊ ရာခိုင်နှုန်းအားဖြင့် ၁၉ ဒဿမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ကုန်သွယ်ရေး ပိုငွေသည် ယွမ် ၃၆၆ ဒဿမ ၉ ဘီလီယံ ၊ ရာခိုင်နှုန်းအားဖြင့် ၈၇ ဒဿမ ၅ ရာခိုင်နှုန်း ထိတိုးလာကြောင်း အကောက်ခွန် ဦးစီးရုံးချုပ် အချက်အလက်များ အရ သိရသည်။

နှစ်စဉ် တရုတ်နှစ်သစ်ကူး ပွဲတော်တွင် မိသားစုများ စုပေါင်းတွေ့ဆုံခြင်းနှင့် အပျော် ခရီးထွက်ခြင်း များ ပြုလုပ်လေ့ရှိကြသဖြင့် ယခုနှစ် တရုတ် နှစ်သစ်ကူး ပွဲတော်တွင် ခရီးစဉ်ပေါင်း ၂ ဒဿမ ၈ ဘီလီယံ ရှိနိုင်ကြောင်း ခန့်မှန်းသည်။

နိုင်ငံခြား ပို့ကုန်များဖြစ်သည့် စက်မှုလုပ်ငန်းများ၊ အဝတ်အထည်များ၊ ဖိနပ်၊ ကလေး ကစားစရာများ၊ ပရိဘောဂနှင့် ပလတ်စတစ်များ အပါအဝင် အလုပ်သမားများ အဓိက ပါဝင်သော စက်မှုလုပ်ငန်း အားလုံးသည်လည်း ယခင်လ အတွင်း သိသိသာသာ ကျဆင်းလာခဲ့သည်။

နိုင်ငံခြားပို့ကုန်အခြေအနေ ပြောင်းလဲမှုသည် တရုတ်နိုင်ငံ အဓိက ကုန်သွယ်ဘက်များ ၏ စီးပွားရေး အခြေအနေများ ကွဲပြားခြားနားမှုနှင့် တစ်စိတ်တစ်ပိုင်း သက်ဆိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာမှ သုတေသီ Li Jian ကပြောသည်။ (Xinhua)