Connect with us

Economy

တရုတ်နိုင်ငံမှ ပိုးလမ်းမကြီး ဖောင်ဒေးရှင်း ထူထောင်ပြီး ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံ ရန်ဖိတ်ခေါ်

ဆင်ဟွာ သတင်းဌာန ဥက္ကဌ ချိုက်မင်ကျောက်(Cai Mingzhao)မှ ပိုးလမ်းမကြီးဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ)

ပိုးလမ်းမကြီး ဖောင်ဒေးရှင်း ကုမ္ပဏီ ကို၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၉ရက်၌ ပေကျင်းမြို့တွင် မှတ်ပုံတင် ခဲ့ပြီး လုပ်ငန်းများ စတင်လည်ပတ် နေသည်ဟု တရုတ်ပြည်သူ့ဘဏ်ထံမှ သိရသည်။

ပိုးလမ်းမကြီး ဖောင်ဒေးရှင်း သည် နိုင်ငံခြားငွေ လဲလှယ်မှုအရံငွေ၊ တရုတ် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ၊ တရုတ်သွင်းကုန် ထုတ်ကုန် ဘဏ်၊ နိုင်ငံတော်ဖွံဖြိုးရေး ဘဏ် တို့စုပေါင်းရင်းနှီးမြှုပ်နှံမှုဖြစ်သည်။

“တရုတ်ပြည် သူူ့သမ္မတနိုင်ငံတော်ကုမ္ပဏီဥပဒေ ” အားလိုက်နာပြီး ဈေးကွက်ဖြစ်တည်ရေး၊ နိုင်ငံတကာ အဆင့် ဖြစ်တည်ရေး နှင့် လုပ်ငန်းကျွမ်းကျင်မှု ဖြစ်တည်ရေး တို့ကိုအခြေခံထားသော ဖောင်ဒေးရှင်းဖြစ်သည်။ အလယ်အလတ် နှင့်ရေရှည် လုပ်ငန်း များကို ရင်းနှီးမြှပ်နှံမည့် ဖောင်ဒေး ရှင်း ဖြစ်သည်။အဓိကအားဖြင့် ပိုးလမ်းမကြီး စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်။

ပိုးလမ်းမကြီး ဖောင်ဒေးရှင်းသည် ကုန်သွယ်မှု ပုံစံဖြင့် လုပ်ငန်းလည်ပတ် မည်ဖြစ်သည်၊ နှစ်ဘက် အကျိုးတူ လုပ်ငန်းများ ဆောင်ရွက်သွားမည်။ နိုင်ငံတကာ စီးပွားရေး စည်းမျဉ်းများကို လိုက်နာသွားမည် ဖြစ်ပြီး ဘက်စုံစီးပွားရေး ပုံစံ ဖြင့် အခြေခံ လိုအပ်ချက်လုပ်ငန်းများ ၊သယံဇာတ တူးဖော်ရေး လုပ်ငန်းများကို ဆောင်ရွက် သွားမည်။ လုပ်ငန်း ပူးပေါင်းဆောင်ရွက်ခြင်း၊ ဘဏ္ဍာရေး ပူးပေါင်းခြင်း များဖြင့် အတူအကွ ဖွံဖြိုးတိုးတက် မှုရရှိရန် ဆောင်ရွက်မည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117