Connect with us

Economy

တရုတ်-လာအို ရထားလမ်း စီမံကိန်း ၏ မဲခေါင်မြစ် ဖြတ်ကျော်  အကြီးစား တံတား  တည်ဆောက်မှု ပြီးစီး   

တရုတ်-လာအို Luang Prabang ပြည်နယ် မဲခေါင်မြစ် ဖြတ်ကျော် အကြီးစား တံတား တည်ဆောက် ပြီစီးသည့် မြင်ကွင်း (ဆင်ဟွာ)

ဗီယင်ကျန်း ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ရထားလမ်း ကုမ္ပဏီ မှ တာဝန်ယူတည်ဆောက်ပေးသည့် တရုတ်-လာအို Luang Prabang ပြည်နယ် မဲခေါင်မြစ် ဖြတ်ကျော် အကြီးစား တံတား သည် နောက်ဆုံး အရှည် ၃၂ မီတာ ရှိ T Beam တပ်ဆင်ပြီးနောက်တွင် စီမံကိန်း အား အောင်မြင်ချောမွေ့စွာ ဆောင်ရွက်ပြီးစီး နိုင်ခဲ့သည်။

တရုတ်-လာအို ရထားလမ်း သည် လာအို နိုင်ငံ မြောက်ပိုင်း Luang Prabang ပြည်နယ် မှ စတင် တည်ဆောက်ထားသည့် ရထားလမ်း ဖြစ်ပြီး မဲခေါင်မြစ် အား နှစ်ကြိမ် ဖြတ်ကျော် ရမည် ဖြစ်သည်။ တရုတ်-လာအို Luang Prabang ပြည်နယ် မဲခေါင်မြစ် ဖြတ်ကျော် အကြီးစား တံတား သည် အရှည်အားဖြင့် ၁၄၅၈.၉ မီတာ ရှည်လျားပြီး စီမံကိန်း ၏ လုပ်ငန်းဆောင်ရွက်မှု အခက်ခဲဆုံး နှင့် နည်းပညာ အရှုပ်ထွေးဆုံး တံတားတစ်စင်း ဖြစ်သည်။ တံတား ၏ ထောက်တိုင်များအား ယခင်နှစ် ဇူလိုင်လ တွင် ဆောင်ရွက်ပြီးစီး ခဲ့ပြီး T Beam တပ်ဆင်မှု အား ယခုလ ၉ ရက် တွင် စတင် ဆောင်ရွက်ခဲ့သည်။

တရုတ်-လာအို Luang Prabang ပြည်နယ် မဲခေါင်မြစ် ဖြတ်ကျော် အကြီးစား တံတား တည်ဆောက် ပြီစီးသည့် မြင်ကွင်း (ဆင်ဟွာ)

တရုတ် နိုင်ငံ ရထားလမ်း ကုမ္ပဏီ အမှတ်(၈) ဌာန မှ Luang Prabang ပြည်နယ် မဲခေါင်မြစ် ဖြတ်ကျော် အကြီးစား တံတား T Beam တပ်ဆင်ရေး စီမံကိန်း တာဝန်ရှိသူ ကျန်းကြားဟုန် က စီမံကိန်း ဆောင်ရွက်ရာတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် ပတ်သက်၍ အထူးအလေးထား ဆောင်ရွက်ခဲ့ပြီး တံတား တည်ဆောက်မှု ကို ဆောင်ရွက်ခဲ့ကြောင်း ၊ လုံခြုံရေး ဆောင်ရွက်မှု စနစ် ကို တင်းကျပ် လက်တွေ့ဆောင်ရွက် ခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်း ကို တိုးမြှင့် ဆောင်ရွက် ခဲ့ကြောင်း ၊ မိုးရာဒီ မရောက်ခင် T Beam တည်ဆောက်မှု နှင့် တပ်ဆင်မှုလုပ်ငန်းအား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

တရုတ်-လာအို ရထားလမ်း စီမံကိန်းသည် တရုတ် နိုင်ငံ ဖော်ဆောင်သည့် ရပ်ဝန်း နှင့် ပိုးလမ်းမ စီမံကိန်း နှင့် လာအို နိုင်ငံ ၏ ကုန်းတွင်းပိတ်နိုင်ငံ မှ ကုန်တွင်းချိတ်ဆက်နိုင်ငံ မဟာဗျူဟာ နှင့် ချိတ်ဆက်ပေးသည့် စီမံကိန်း တစ်ခု ဖြစ်ပြီး လာအို နိုင်ငံ မြောက်ပိုင်း မှ လာအို-တရုတ် နယ်စပ် မှ တောင်ပိုင်း ရှိ လာအို နိုင်ငံ မြို့တော် ဗီယင်ကျန်း သို့ ချိတ်ဆက်ပေးသည့် ရထားလမ်း ဖြစ်ကာ အရှည် အားဖြင့် ၄၁၄ ကီလိုမီတာ ရှည်လျားကြောင်း ၊ ရထားလမ်း အား တရုတ် နိုင်ငံ ၏ စီမံအုပ်ချုပ်မှု နှင့် နည်းပညာ အား အလုံးစုံ အသုံးပြု ခဲ့ပြီး တည်ဆောက်မှု ဆောင်ရွက်ခဲ့ကြောင်း ၊ ရထားလမ်း မောင်းနှင်နိုင်မှု အရှိန် အနေဖြင့် တစ်နာရီလျှင် ၁၆၀ ကီလိုမီတာ အဖြစ် ဆောင်ရွက်ခဲ့ပြီး လျှပ်စစ်ဓာတ်အားသုံး ခရီးသည် နှင့် ကုန်တင် ရထားလမ်း ဖြစ်ကြောင်း ၊ စီမံကိန်းအား ၂၀၁၆ ခုနှစ် ဒီဇင်ဘာ တွင် စတင်ဆောင်ရွက် ခဲ့ပြီး အစီအစဉ် အရ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ တွင် တည်ဆောက်ပြီးစီးမည် ဖြစ်ကြောင်း သိရှိရသည်။  (Xinhua)