Connect with us

Economy

တိုက်ရိုက်ထုတ်လွှင့်ရောင်းချမှုမှ တစ်ဆင့်ပိုမိုကောင်းမွန်သောဘဝရရှိရန် ကြိုးပမ်းနေသော တရုတ်နိုင်ငံက လက်ဖက်စိုက် တောင်သူ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ဂေဟစနစ် လက်ဖက်ဥယျာဉ်တစ်ခုအား ဝေဟင်မှမြင်တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက လက်ဖက်စိုက်ခင်းတောင်သူတစ်ဦးသည် TikTok  ၏ တရုတ်ဗားရှင်းဖြစ်သော Douyin လူမှုမီဒီယာမှတစ်ဆင့် ၎င်း၏ စီးပွားရေးလုပ်ငန်းကို မြှင့်တင်ခဲ့ပြီးနောက် e-commerce အကျော်အမော်တစ်ဦး ဖြစ်လာခဲ့ကြောင်း ဆွစ်သတင်းစာဖြစ်သော Neue Zurcher Zeitung က သတင်းဖော်ပြခဲ့သည်။ 

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကွေ့ကျိုးပြည်နယ် ကျင်းဟွာကျေးရွာမှ သဘာဝလက်ဖက်စိုက်ခင်းတောင်သူ တစ်ဦးဖြစ်သူ ဖန်လင်းသည် တစ်ရက်လျှင် ၁၀ နာရီကျော်ကြာ တိုက်ရိုက်ထုတ်လွှင့်ရောင်းချခဲ့ကြောင်း အဆိုပါ သတင်းစာတွင် ပြီးခဲ့သည့်သီတင်းပတ်၌ ဖော်ပြရေးသားခဲ့သည်။ ပိုးသတ်ဆေးအသုံးပြုမှု တားမြစ်ထားသော သဘာဝလက်ဖက်စိုက်ခင်းသည် ကျင်းဟွာကျေးရွာ၌ အထူးတလည် အောင်မြင်သော လုပ်ငန်းတစ်ခု ဖြစ်သည်။ 

ဖန်သည် ကနဦးအသံလွှင့်ရောင်းချမှု၌ ကြောက်ရွှံ့မှုရှိခဲ့သော်လည်း မကြာမီပင် အတွေ့အကြုံရှိသော တိုက်ရိုက်ထုတ်လွှင့်သူတစ်ဦး ဖြစ်လာခဲ့ပေသည်။  ၎င်းသည် ထောက်ခံအားပေးကြည့်ရှုသူပေါင်း ၁၁,၀၀၀ ကျော်ရှိပြီး အွန်လိုင်းထုတ်လွှင့်ရောင်းချမှုမှ ယွမ် ၈,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၁၅၂ ခန့်) ရရှိခဲ့သည်ဟု ဆိုသည်။ 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Zunyi မြို့ Erlong ကျေးရွာတွင် လက်ဖက်များခူးဆွတ်နေသော တောင်သူများအား တွေ့ရစဉ် (ဆင်ဟွာ)

မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ၌ e-commerce တိုက်ရိုက်ထုတ်လွှင့်ရောင်းချမှုသည် ကြီးမားသော တိုးတက်မှုဖြစ်လာခဲ့ပြီး နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုတိုက်ပွဲတွင် အရေးပါသော အခန်းကဏ္ဍအဖြစ် ပါဝင်လျက်ရှိသည်။ အွန်လိုင်းစီးပွားရေး၏ အလှည့်အပြောင်းတစ်ခုဖြစ်သည့် လူမှုမီဒီယာမှ ဈေးရောင်းခြင်းဗျူဟာသည် အလားအလာရှိသော စားသုံးသူများအတွက် တိုက်ရိုက်ထုတ်လွှင့်ရောင်းချသော ထုတ်ကုန်များအဖြစ် အွန်လိုင်းမှ တိုက်ရိုက် မှာယူနိုင်သည့် အခွင့်အရေးများကို ပေးစွမ်းနိုင်သည်။ 

Douyin နှင့် e-commerce လုပ်ငန်းကြီး Taobao စသည့်ပလက်ဖောင်းများကြောင့် မဖွံ့ဖြိုးသေးသော ဒေသများတွင် နေထိုင်သည့် ဖန် ကဲ့သို့ တရုတ်ပြည်သူများစွာသည် ၎င်းတို့၏ ကိုယ်ပိုင်အွန်လိုင်းစီးပွားရေးကို စတင်ရန်နှင့် နိုင်ငံတစ်ဝန်းရှိ စားသုံးသူများအား ထုတ်ကုန်များ တိုက်ရိုက်ရောင်းချရန် အခွင့်အရေး ရရှိခဲ့ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117