Connect with us

Economy

ကားပြပွဲက ဝူဟန့်မြို့၏စီးပွားရေး ကို တွန်းအားပေးနိုင်ခဲ့

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် မြို့တော် ဝူဟန့်တွင် ပြုလုပ်သည့် ကားပြပွဲသို့ လာရောက်ကြည့်ရှုသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့တွင် သြဂုတ် ၁၇ ရက်က ပြီးဆုံးခဲ့သော ၁၈ ကြိမ်မြောက် နိုင်ငံတကာ ကားပြပွဲ၌ ယွမ် ၃.၅၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၀၇ သန်းခန့်) တန်ဖိုးရှိသော ကားအဝယ် မှာယူမှုများ လက်ခံရရှိခဲ့ကြောင်း သိရသည်။ 

ကပ်ရောဂါဒဏ် အပြင်းထန်ဆုံးခံစားခဲ့ရပြီးနောက် ရောဂါဖြစ်ပွားမှု ကျဆင်းလာသဖြင့် ဧပြီလအစောပိုင်းက အသွားအလာ ကန့်သတ်မှုများ ဖယ်ရှားခဲ့သည့် ဝူဟန့်မြို့တွင် ပထမဆုံး အဓိက စီးပွားရေးလုပ်ဆောင်မှုအဖြစ် ကားအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။  

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် မြို့တော် ဝူဟန့်တွင် ပြုလုပ်သည့် ကားပြပွဲသို့ လာရောက်ကြည့်ရှုသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ငါးရက်တာ ပြုလုပ်ခဲ့သည့် ယင်းကားပြပွဲတွင် BMW နှင့် Mercedes-Benz အပါအဝင် ပြပွဲတွင် ပါဝင်ပြခဲ့သည့် ကားအမှတ်တံဆိပ်ပေါင်း ၆၀ ကျော်ထိရှိခဲ့ပြီး စွဲဆောင်မှုရှိသော ကားမော်ဒယ်သစ်များကိုလည်း ပြသခဲ့ကြောင်း သိရသည်။

ကားထုတ်လုပ်သူအများစုက ဝူဟန့်မြို့၏ကပ်ရောဂါတိုက်ဖျက်ရေးတိုက်ပွဲတွင် အသက်ပေးပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို ချီးကျူးဂုဏ်ပြုကာ အခွင့်အရေးပေးအပ်ခဲ့ကြောင်း၊ ထိုသူများအနေဖြင့် ကားဝယ်ယူမည်ဆိုလျှင် အများဆုံးလျှော့ဈေးအဖြစ် ယွမ် ၂၀,၀၀၀ သက်သာခွင့် ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ပြပွဲဖြစ်မြောက်ရေးစီစဉ်သူများသည် ပြပွဲလာရောက်မှုများကို စည်းကမ်းထိန်းညှိရန် အွန်လိုင်းမှတစ်ဆင့် လက်မှတ်ရောင်းချမှုများ ပြုလုပ်ခြင်း၊ ပြပွဲဝင်ပေါက်တွင် ကိုယ်အပူချိန်တိုင်းတာခြင်း အစရှိသည့် ကပ်ရောဂါတိုက်ဖျက်ရေး ဆောင်ရွက်ချက်များစွာ လုပ်ဆောင်ခဲ့သည်။

တရုတ်နိုင်ငံ ကားရောင်းဝယ်ရေးအသင်း ဝူဟန့်ရုံးခွဲ၏ ဒုတိယအတွင်းရေးမှူးချုပ် ဝမ်ကျစ် က “ယခု ကားပြပွဲက သုံးစွဲသူတွေရဲ့ ယုံကြည်မှုကိုပြန်လည်ရယူပြီး ဝူဟန့်မြို့ရဲ့ စီးပွားရေးပြန်လည်စတင်ဖို့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်တယ်” ဟု ပြောခဲ့သည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117