Connect with us

Economy

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် IMF အကြီးအကဲ တို့ ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စရပ်များ တွေ့ဆုံ ဆွေးနွေး

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က China Development Forum သို့တက်ရောက်လာသော IMF အကြီးအကဲ Christine Lagarde အား ပေကျင်းမြို့တွင် လက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ )

ပေကျင်း ၊ မတ် ၂၂ ရက် ( ဆင်ဟွာ )

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ( Li Keqiang )သည် China Development Forum သို့တက်ရောက်ရန် တရုတ်နိုင်ငံသို့ရောက်ရှိနေသော IMF အကြီးအကဲ Christine Lagarde အား ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန် ပေကျင်းမြို့ ၌ မတ်လ ၂၁ ရက်က လက်ခံ တွေ့ဆုံ ခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ်က တစ်ကမ္ဘာလုံးတွင် ကြုံတွေ့နေရသည့် ငွေကြေးစစ်ပွဲ “ currency war ” ကို တရုတ်နိုင်ငံ အနေဖြင့် မလိုလားကြောင်းနှင့် ယင်းအနေအထားသည် အနာဂတ် ကမ္ဘာ့ စီးပွားရေး အတွက်လည်း ကောင်မွန်ခြင်း မရှိကြောင်း ပြောဆိုခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံ အနေဖြင့် ယွမ်ငွေတန်ဖိုးကို လျှော့ချရန် အစီအစဉ် မရှိကြောင်းနှင့် ငွေကြေး ဈေးကွက်ကို ပြုပြင်ပြောင်းလဲရန် အတွက် ဥပဒေကြောင်းအရ ပိုမို ခိုင်မာ တောင့်တင်း စေရန်လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။ တရုတ်ယွမ်ငွေ လဲလှယ်ရာတွင်လည်း လွတ်လွတ်လပ်လပ် ဖြစ်စေရန် ၊ ဖြေလျှော့မှုများ ပြုလုပ်ရန်နှင့် ငွေကြေးတန်ဖိုးကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်ပြီး စည်းမျဉ်းစည်းကမ်းများဖြင့် လုပ်ဆောင်နေရကြောင်း ၎င်းက ဆိုသည်။
တရုတ်နိုင်ငံသည် စီးပွားရေးပိုင်းတွင် အခြေခိုင်မာစေရန် နှင့် ငွေကြေးဆိုင်ရာ တည်ငြိမ်မှု ရှိစေရန် အကြောင်းတရားနှစ်ခုပေါ် အခြေခံပြီး ယွမ်ငွေ လဲလှယ်နှုန်းကို ဆက်လက် ထိန်းသိမ်းထားရန် လိုအပ်နေသည်။ အဆိုပါ ငွေကြေးလဲလှယ်မှုနှုန်းထားကို ဟန်ချက်ညီညီနှင့် အလိုက်သင့် ထိန်းချုပ်ပေးနိုင်သည့် အဆင့်တစ်ခုထိ ရောက်ရှိရန် အခြေခံအားဖြင့် လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း မစ္စတာလီခဲ့ချန်က ဆက်လက် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ အနေဖြင့် ငွေကြေးနှင့် ပတ်သက်ပြီး ဒေသတွင်း နိုင်ငံများကို အကာအကွယ် ပေးသွားမည် ဖြစ်ပြီး ငွေကြေးဆိုင်ရာ စွန့်စားမှုများကိုလည်း စနစ်တကျ လုပ်ဆောင်သွားမည်ဟု ဝန်ကြီးချုပ် လီခဲ့ချန်က ကတိပြု ပြောကြားခဲ့သည်။ လက်ရှိတွင် တရုတ်နိုင်ငံ၏ အကြီးဆုံး စီးပွားရေး ဘဏ်သည် အစိုးရပိုင် ဘဏ်ကြီး ဖြစ်နေသည်။ ဗဟိုအစိုးရအနေဖြင့် အခြားသော ပြည်တွင်း ဘဏ်များကိုလည်း ဆက်လက် ရပ်တည်နိုင်ရန် ကောင်းစွာ ထောက်ပံ့မှု ပြုလုပ်သွားမည်ဟု ဝန်ကြီးချုပ်က ထပ်လောင်း ကတိပြုခဲ့သည်။
China Development Forum သို့တက်ရောက်လာသည့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ ( IMF ) အကြီးအကဲ Lagarde က တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုသည် ကမ္ဘာ့ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုအတွက် ဦးဆောင်ဦးရွက် အနေအထားတွင် ဆက်လက် ရပ်တည်နေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.