Connect with us

Economy

ဘရာဇီးနိုင်ငံ၏ သတ္တု တူးဖော်ရေး လုပ်ငန်းကြီး မှ တရုတ်နိုင်ငံသို့ အမေရိကန် ဒေါ်လာ ၄၂၃ သန်း တန်ဖိုးရှိ အကြီးစား ကုန်တင် သင်္ဘောများ ရောင်းချ

ဘရာဇီးနိုင်ငံ၏ သတ္တု တူးဖော်ရေး လုပ်ငန်းကြီး တစ်ခု ဖြစ်သည့် Vale ကုမ္ပဏီ၏ အမှတ်တံဆိပ် အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီရိုဂျနေးရိုး၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ၏ ရင်းနှီး မတည်ငွေ မလုံမလောက် ဖြစ်နေသော သတ္တု တူးဖော်ရေး လုပ်ငန်းကြီး တစ်ခု ဖြစ်သည့် Vale က တရုတ် နိုင်ငံ အကျိုးတူ အဖွဲ့အစည်း တစ်ခုသို့ အမေရိကန် ဒေါ်လာ ၄၂၃ သန်း တန်ဖိုးရှိ အကြီးစား ကုန်တင် သင်္ဘော လေးစီး ရောင်းချခဲ့ကြောင်း ဒေသခံ မီဒီယာ တစ်ခု က ဒီဇင်ဘာလ ၉ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ အကျိုးတူ အဖွဲ့အစည်းအား တရုတ် စက်မှု လုပ်ငန်းနှင့် စီးပွားရေး ဘဏ်၏ လက်အောက်ခံ ဖြစ်သည့် ICBC ငွေချေး လုပ်ငန်း မှ ဦးဆောင်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့အကြီးဆုံး သံရိုင်း တင်ပို့သူ Vale မှ ၎င်းတွင် ကျန်ရှိနေသည့် Valemax အကြီးစား ကုန်တင် သင်္ဘော ၁၁ စီးအား ရောင်းချရန် ရည်ရွယ်ထားမှုအား လွန်ခဲ့သည့် ၃ ပတ်လောက်က ကြေညာခဲ့ပြီး အမေရိကန် ဒေါ်လာ ၁.၁ ဘီလီယံ အထိ ရရှိ နိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

Valemax အမျိုးအစား ကုန်တင် သင်္ဘောများသည် အလွန်ကြီးမားသည့် သတ္ထုရိုင်း သယ်ဆောင်သည့် သင်္ဘောများဖြစ်ပြီး Vale လုပ်ငန်းမှ ပိုင်ဆိုင်ပြီး ဘရာဇီး နိုင်ငံမှ ဥရောပ နှင့် အာရှ ဆိပ်ကမ်းများသို့ သံသတ္တုရိုင်းများ သယ်ဆောင်ရန် အသုံးပြုပြီး တစ်စီးလျှင် ပမာဏအားဖြင့် တန် ၄၀၀,၀၀၀ ရှိကြောင်း သိရသည်။ ပထမဆုံး Valemax သင်္ဘော အား ၂၀၁၁ ခုနှစ်တွင် စတင်ပြေးဆွဲ ခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117