Connect with us

Environment, Disasters & Accidents

တရုတ်သုတေသီများက ဝေလငါးမျိုးစိတ် ၁၁ မျိုးကို ရေနက်ပိုင်း လေ့လာရေးခရီးစဉ်အတွင်း တွေ့ရှိ

တောင်တရုတ်ပင်လယ်၌ sperm ဝေလငါးတစ်ကောင်ကို ဇူလိုင် ၂၄ ရက်က အပေါ်စီးမှ တွေ့ရစဉ်(ဆင်ဟွာ)

 ဆန်းရ ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ) 

တရုတ်သုတေသီများက တောင်တရုတ်ပင်လယ်ရှိ ရေနက်ပိုင်း၌ သိပ္ပံဆိုင်ရာ လေ့လာရေးခရီးစဉ်တစ်ခုအတွင်း ဝေလငါးမျိုးစိတ် ၁၁ မျိုးအား တွေ့ရှိခဲ့ကြောင်း တရုတ်သိပ္ပံအကယ်ဒမီက ဇူလိုင် ၂၈ ရက်တွင် ပြောကြားခဲ့သည်။ 

၂၁ ရက်ကြာ လေ့လာရေး ခရီးစဉ်သည် ရေပြင် အကျယ် ကီလိုမီတာ ၃,၀၀၀ ကျော် အထိလွှမ်းခြုံနိုင်ခဲ့ပြီး ဟိုင်နန်ပြည်နယ် ဆန်းရမြို့၌ အဆုံးသတ်ခဲ့ကြောင်း ၊ တောင်တရုတ်ပင်လယ်ရှိ Xisha ကျွန်းများနှင့် Zhongsha ကျွန်းများ၌ ဝေလငါးများ၏ ကျက်စားမှုပုံစံများ နှင့် အဆင့်ဆင့်သော သားပေါက်ဖွားမှု ပုံစံ၊ မတူကွဲပြားမှုတို့အပေါ် သုတေသနပြုရန် စတင်လုပ်ဆောင်ခဲ့ကြောင်း ၊ ဝေလငါးများအား လေ့လာရေး အလားတူခရီးစဉ်များကို ၂၀၁၉ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

တောင်တရုတ်ပင်လယ်၌ သုတေသီများက ဝေလငါးအား ပိုမိုနီးကပ်စွာ လေ့လာရန် ရော်ဘာလှေတစ်စင်းဖြင့် ဆောင်ရွက်နေမှုအား ဇူလိုင် ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ

 

တောင်တရုတ်ပင်လယ်၌ Short-finned pilot ဆူးတောင်တို ဝေလငါးမျိုး များအား ဇူလိုင် ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ

 

တောင်တရုတ်ပင်လယ်၌ သုတေသီများက လေ့လာရေးခရီးစဉ်အတွင်း ဆောင်ရွက်နေမှုများအား ဇူလိုင် ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ

သုတေသီများက ယခုနှစ် လေ့လာရေးခရီးစဉ်တွင် ပြီးခဲ့သောနှစ်က မတွေ့ရှိခဲ့သည့် ဝေလငါးမျိုးစိတ် လေးမျိုး ဖြစ်သည့် pygmy killer ဝေလငါး ၊ false killer ဝေလငါး ၊ Long-snouted spinner လင်းပိုင် နှင့် melon-headed ဝေလငါးမျိုးစိတ် တို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ 

 

တောင်တရုတ်ပင်လယ်၌ ဝေလငါးလေ့လာရေး ရေယာဉ်အား ဇူလိုင် ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ

 

တောင်တရုတ်ပင်လယ်၌ သုတေသီများက ဝေလငါး လေ့လာရေးလုပ်ဆောင်နေသည်ကို ဇူလိုင် ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ

 

တောင်တရုတ်ပင်လယ်၌ ဝေလငါး နှင့် လင်းပိုင် များအား ဇူလိုင် ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ

 

တောင်တရုတ်ပင်လယ်၌ false killer ဝေလငါးမျိုးများအား ဇူလိုင် ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ

 

တောင်တရုတ်ပင်လယ်၌ false killer ဝေလငါးတစ်ကောင်အား ဇူလိုင် ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ

 

တောင်တရုတ်ပင်လယ်၌ Short-finned pilot ဆူးတောင်တို ဝေလငါးတစ်ကောင်အား ဇူလိုင် ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ

တောင်တရုတ်ပင်လယ်၌ sperm ဝေလငါးများအား ဇူလိုင် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ

 

တောင်တရုတ်ပင်လယ်၌  Fraser’s dolphin များအား ဇူလိုင် ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ

 

တောင်တရုတ်ပင်လယ်၌ သုတေသီများက ခရီးစဉ်အတွင်း လေ့လာရေး ပြုလုပ်နေမှုများအား ဇူလိုင် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ

တောင်တရုတ်ပင်လယ်၌ false killer ဝေလငါးများအား ဇူလိုင် ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 

တောင်တရုတ်ပင်လယ်၌ Short-finned pilot ဝေလငါးများအား ဇူလိုင် ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

သုတေသီများ၏ အဆိုအရ သမိုင်းမှတ်တမ်းများတွင် တောင်တရုတ်ပင်လယ်၌ ဝေလငါးမျိုးစိတ်ပေါင်း ၃၀ ကျော်ရှိသည်ကို မှတ်တမ်းတင်ထားပြီး ယင်းဧရိယာသည် နိုင်ငံ၏ ဝေလငါးမျိုးစိတ် အများဆုံးကျက်စားရာ ပင်လယ်ပြင် နေရာ ဖြစ်ကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117