Connect with us

Environment, Disasters & Accidents

အမျိုးသား ပန်ဒါ ဥယျာဉ် စီမံကိန်း ခွင့်ပြုချက်ရရှိ

ပန်ဒါကြီးမျိုးဝင် ပန်ဒါများအား တွေ့ရစဉ် (ဆင်ဟွာ)

ရှီးအန်း၊ မတ် ၂ ရက် (ဆင်ဟွာ)

ပန်ဒါကြီးမျိုးများအတွက် အမျိုးသား ဥယျာဉ် တစ်ခု တည်ဆောက်ရန် စီမံကိန်းအား ဗဟို အစိုးရက ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ရှန်ရှီးပြည်နယ် သစ်တောဋ္ဌာနက ယနေ့ (မတ်လ ၂ ရက်) တွင် ကြေညာလိုက်သည်။

အဆိုပါ ဥယျာဉ်သည် အကျယ်အဝန်း ၂၇၁၃၄ စတုရန်း ကီလိုမီတာ ရှိပြီး ပန်ဒါ မျိုးစိတ်များ ကာကွယ်ရန်နှင့် နေထိုင်စရာ နေရာ ထိန်းသိမ်းရန်အတွက် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံရှိ တောထဲ၌ ပန်ဒါ အုပ်စု ၃၃ စု နေထိုင်လျက်ရှိကြောင်း၊ နိုင်ငံ အနောက်မြောက်ပိုင်းတွင် ရှန်ရှီး၊ ကန်စုပြည်နယ်၊ အနောက်တောင်ဘက်တွင် စီချွမ်ပြည်နယ် စသည်တို့၌ ပျံ့နှံ့နေထိုင်လျက်ရှိကြောင်း သိရသည်။

ရှန်ရှီးပြည်နယ်ရှိ Qinling တောင်တန်းဒေသတွင် ပန်ဒါရိုင်း ၂၉၈ ကောင် နေထိုင်လျက်ရှိကြောင်း၊ လက်ရှိတွင် အဆိုပါ ပြည်နယ် သုံးခု၌ ပန်ဒါ အမျိုးသားဥယျာဉ် တည်ဆောက်ရေးအတွက် လုပ်ငန်း စီမံချက် ရေးဆွဲလျက် ရှိကြောင်း သစ်တောဋ္ဌာနက ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် နိုင်ငံတစ်ဝန်း ပြုလုပ်ခဲ့သည့် စစ်တမ်းများအရ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ တောတွင်းနေ ပန်ဒါ ၁၈၆၄ ကောင်ရှိပြီး လှောင်အိမ်အတွင်း နေထိုင်သည့် ပန်ဒါ ၃၇၅ ကောင် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117