Connect with us

Environment, Disasters & Accidents

ချင်းတွင်း မြစ်ရေသည် ခန္တီးနှင့် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေ အမှတ်သို့ ရက်ပိုင်းအတွင်း ရောက်ရှိနိုင်ဟုဆို

သြဂုတ်လ ၂၁ ရက် မှ ၂၂ ရက်အထိ မြန်မာနိုင်ငံ မိုးရေချိန် ခန့်မှန်းချက် ပြပုံ ( ဓာတ်ပုံ-မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန)

ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

ချင်းတွင်းမြစ်ရေ၏ စိုးရိမ်ရေ အမှတ်သည် ခန္တီးမြို့ တွင် နောက် ၂ ရက်အတွင်း၊ ဟုမ္မလင်းမြို့တွင် နောက် (၃) ရက် အတွင်း စိုးရိမ် ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့သတင်း ထုတ်ပြန်သည်။

ယနေ့ မြန်မာစံတော်ချိန် (၁၄း၃၀) နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်း မြစ်ရေသည် ခန္တီးမြို့တွင် ယင်းမြို့၏ စိုးရိမ် ရေမှတ်အောက် (၄) ပေခွဲခန့်တွင် ရောက်ရှိနေကြောင်း၊ အဆိုပါ မြစ်ရေသည် နောက် (၂) ရက် အတွင်း ယင်းမြို့၏ စိုးရိမ် ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သတင်း ထုတ်ပြန်သည်။

ယနေ့ မြန်မာစံတော်ချိန် (၁၄း၃၀) နာရီ အချိန် တိုင်းထွာချက်အရ ချင်းတွင်း မြစ်ရေသည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ် ရေမှတ်အောက် (၄) ပေခန့်တွင် ရောက်ရှိနေပြီး၊ အဆိုပါ မြစ်ရေသည် နောက် (၃) ရက် အတွင်း ယင်းမြို့၏ စိုးရိမ် ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သတင်းရရှိသည်။

မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်းက “ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ် အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြဖို့ အကြံပြုပါတယ်’’ ဟု ဆင်ဟွာကို ပြောသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117