Connect with us

Environment, Disasters & Accidents

ထျန်းကျင်း ပေါက်ကွဲမှု နိုင်ငံတော် ကောင်စီ စုံစမ်း စစ်ဆေးမည်

ထျန်းကျင်း ပေါက်ကွဲမှုကြောင့် ထိခိုက် သေဆုံးသူများ အတွက် ဝမ်းနည်းခြင်း အခမ်းအနား ပြုလုပ်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထျန်းကျင်းတွင် ပြီးခဲ့သည့် သတင်းပါတ်က ဖြစ်ပွားခဲ့သည့် ကြီးမားသော ပေါက်ကွဲမှုအား စုံစမ်းရန် နိုင်ငံတော် ကောင်စီက စုံစမ်း စစ်ဆေးရေး အဖွဲ့ တစ်ဖွဲ့အား ဖွဲ့စည်းခဲ့ကြောင်း အင်္ဂါနေ့က သတင်း ထုတ်ပြန်ချက် အရ သိရသည်။

နိုင်ငံတော် ကောင်စီက ထုတ်ပြန်ထားသော သတင်း ထုတ်ပြန်ချက်တွင် အဆိုပါ အဖွဲ့သည် ကြောင်းကျိုး ဆီလျော်သော အဖြေ တစ်ခုကို ပါတီနှင့် လူထုအား ချပြမည် ဖြစ်ပြီး ထိုစုံစမ်းမှုမှ တာဝန်ရှိသည်ဟု ယူဆရသူကို ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်သူ့လုံခြုံရေး ဝန်ကြီးဋ္ဌာန ဒုတိယ ဝန်ကြီး ရန်ဟွမ်နင်း ဦးဆောင်သော ထိုအဖွဲ့သည် စုံစမ်း စစ်ဆေးရေးကို အန္တရာယ်ရှိသော ဓာတုပစ္စည်းများ စီမံခန့်ခွဲမှု စည်းမျဉ်းနှင့် လုပ်ငန်းခွင် လုံခြုံမှု လုပ်ထုံးများ နှင့်အညီ စတင် ဆောင်ရွက်နေပြီ ဖြစ်ပြီး အဖွဲ့အနေဖြင့် ရလဒ်ကို မည့်သည့် အချိန်တွင် ကြေညာမည် ဆိုတာ ကိုတော့ ထုတ်ပြန်ထားခြင်း မရှိပေ။

စုံစမ်းစစ်ဆေးရေး အဖွဲ့သည် နိုင်ငံတော်ကောင်စီ၏ ဦးဆောင်မှု အောက်တွင် ပြည်သူ့လုံခြုံရေး ဝန်ကြီးဋ္ဌာန၏ ကြီးကြပ်မှုဖြင့် လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်သည်။ စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် ဗဟိုအစိုးရ အေဂျင်စီ ၊ ထျန်းကျင်း စည်ပင်သာယာ အစိုးရ နှင့် တရုတ်နိုင်ငံ အမြင့်ဆုံး စစ်ဆေးရေးရုံးမှ အစိုးရ ရှေ့နေများလည်း ပါဝင်မည် ဖြစ်သည်။

ပြင်ပမှ ကျွမ်းကျင်သူများကိုလည်း စုံစမ်း စစ်ဆေးရာတွင် ပါဝင်ကြရန်လည်း ဖိတ်ခေါ်ထားပါသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117