Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် မီးလောင်မှု ဖြစ်ပွားပြီးနောက် ကလေးငယ် ၉၂ ဦး ဆေးရုံရောက်


ဖူကျိုး၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျင်း ဒေသရှိ ပန်းအရောင်းဆိုင် တစ်ခု၌ ဗုဒ္ဓဟူးနေ့က မီးလောင်ကျွမ်းမှုကြောင့် ကလေးအများစု အပါအဝင် လူပေါင်း တစ်ရာကျော် ဆေးရုံတင်လိုက်ရကြောင်း သိရသည်။

နင်းဒဲမြို့ရှိ ဂျူချီ ပလာဇာ အဆောက်အအုံ၌ နံနက် ၁၁း၂၇ နာရီ ဝန်းကျင်က မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ယင်းအဆောက်အအုံ၏ ဒုတိယထပ်တွင် ဖွင့်လှစ်ထားသည့် မူကြိုကျောင်းတစ်ခုတွင် တက်ရောက်နေကြသော ကလေးငယ်များ အားလုံးကို မီးသတ်သမားများနှင့် အဆောက်အအုံတွင် နေထိုင်သူများက ကယ်ထုတ်နိုင်ခဲ့ သော်လည်း အများစုက ဒဏ်ရာရရှိခဲ့ကြသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျင်း ဒေသ နင်းဒဲမြို့ရှိ ဂျူချီ ပလာဇာ အဆောက်အအုံ အား မီးငြှိမ်းသတ်နေစဉ် (ဆင်ဟွာ)

မျက်မြင်သက်သေများ အဆိုအရ ညနေသုံးနာရီ ဝန်းကျင်လောက်အထိ အခင်းဖြစ်ပွားခဲ့သော နေရာတွင် လူ ရာပေါင်းများစွာ စုဝေးနေကြောင်းနှင့် အဆိုပါ မူကြိုကျေင်း၏ ပြတင်းတံခါးများလည်း ရိုက်ချိုးခံထားရကြောင်း တွေ့ရသည် ဟု ဆိုပါသည်။

မျက်မြင်သက်သေ လျူ က “ကယ်ဆယ်ရေး သမားတွေကို ကူညီရန် လူအများ စုဝေးနေကြပြီး မြောက်မြားစွာ သော ကလေးငယ်တွေဟာ ပြတင်းပေါက်တွေကနေ တဆင့် လူကြီးတွေ လက်ဆင့်ကမ်း သယ်ဆောင်ပြီး ကယ် ထုတ်ပေးခဲ့တယ်” ဟု ပြောသည်။

ကလေးငယ် ၉၂ ဦးနှင့် လူကြီး ၁၂ ဦးအပါအဝင် လူပေါင်း ၁၀၄ ဦးသည် ဆေးရုံတွင် တက်ရောက် ကုသနေကြ ပြီး လက်ရှိမှာတော့ စိတ်ချရသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းတွင် တော့ မီးငြှိမ်း သတ်နိုင်ခဲ့ပါသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117