Connect with us

Environment, Disasters & Accidents

ကမ္ဘာ့ အသက်အကြီးဆုံး ပန်ဒါဝက်ဝံ၏ မွေးနေ့ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၌ ကျင်းပ

ပန်ပန်အား ၎င်း၏ မွေးနေ့ကိတ်နှင့် အတူတွေ့ရစဉ် (ဆင်ဟွာ)

ချန်ဒူး၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ပန်ပန် အမည်ရှိ ကမ္ဘာ့ အသက်အကြီးဆုံး ပန်ဒါဝက်ဝံ၏ နှစ်(၃၀) ပြည့်မွေးနေ့ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ ပန်ဒါ ထိန်းသိမ်းစောင့်ရှောက်ရေး စင်တာ၌ တနင်္လာနေ့က ကျင်းပခဲ့သည်။

တရုတ်နိုင်ငံ ပန်ဒါကြီးများ ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် ရှာဖွေ လေ့လာရေး စင်တာမှ ဝန်ထမ်းများနှင့် ပန်ပန်၏ ပရိတ်သတ်များက မွေးနေ့ဆုတောင်း သီချင်းများဖြင့် ပန်ဒါဝက်ဝံ ပန်ပန်၏မွေးနေ့ကို ဆုတောင်းပေးခဲ့ကြသည်။ ပန်ဒါဝက်ဝံတစ်ကောင်၏ အသက် (၃၀) ပြည့်ခြင်းသည် လူသားတို့၏ သက်တမ်းနှင့် နှိုင်းယှဉ်ပါက အကြမ်းဖျင်း အားဖြင်း အသက် (၁၀၀) နီးပါး နှင့် ညီမျှသည်။

အဆင့်သုံးဆင့်ပါ ရေခဲဖြင့် အထူး ပြုလုပ်ထားပြီး မုန်လာဥများဖြင့် အလှဆင်ထားသည့် အကောင်းစား မွေးနေ့ကိတ်ကို မွေးနေ့လက်ဆောင် အနေဖြင့် ပန်ပန်၏ ကစားကွင်း အလယ်တွင် ထားရှိပေးထားသည်။

စင်တာ၏ ဒုတိယ ဥက္ကဌ ဝေ့ကျုံးဖျင် က ပန်ပန်သည် ကမ္ဘာပေါ်တွင် အသက် အကြီးဆုံး ပန်ဒါဝက်ဝံ အထီးတစ်ကောင် ဖြစ်မည်ဟု ယုံကြည်ကြောင်း စင်တာသို့ လာရောက် လည်ပတ်သူများကို ပြောကြားခဲ့သည်။

ပန်ပန်ကို စီချွမ်ပြည်နယ်၊ ပေါင်ရှင်း စီရင်စု အတွင်းရှိ တောအုပ်ထဲတွင် ၁၉၈၅ ခုနှစ်က မွေးဖွားခဲ့ခြင်း ဖြစ်ပြီး ပန်ဒါ စောင့်ရှောက်ရေး စင်တာသို့ လသားအရွယ်တွင် ရောက်ရှိလာခြင်း ဖြစ်သည်။

ပန်ပန်၏ ကလေးများထဲတွင် “ထွမ်ထွမ်” မှာ အကျော်ကြားဆုံး ဖြစ်ကာ ထိုင်ဝမ်သို့လက်ဆောင်အဖြစ် ပေးပို့ ခဲ့သည်။ “ထွမ်ထွမ်”မှ ပေါက်ဖွားလာသော “ယွမ်ဇိုင်”ကို ယခုအခါ တိုင်ပေ တိရိစ္ဆာန်ရုံတွင် ထားရှိ ထားသည်။

ပန်ပန်သည် ပန်ဒါ မျိုးနွယ်စုထဲတွင် သူရဲကောင်း ဖခင် တစ်ယောက်ဖြစ်ပြီး မျိုးဆက်များစွာ ချန်ထား နိုင်ခဲ့ကြောင်း ဝေ့ က ပြောကြားသည်။ ပန်ပန်သည် သူ၏ လက်ကျန် နေ့ရက်များကို စင်တာ၌ပင် အေးချမ်းစွာ နေထိုင်သွားမည် ဖြစ်သည်။

ပန်ဒါကြီး အမျိုးအစားများသည် ကမ္ဘာပေါ်တွင် မျိုးသုဉ်း ပျောက်ကွယ်လုနီးပါး သတ္တဝါများ စာရင်းတွင် ပါဝင်ပြီး ၂၀၁၃ ခုနှစ် အကုန်ပိုင်း၌ တရုတ် တစ်နိုင်ငံလုံးတွင် ပန်ဒါကောင်ရေ ၁,၈၆၄ ရှိခဲ့ကြောင်း တရုတ်နိုင်ငံ သစ်တော ရေးရာ ဌာန မှတ်တမ်းများအရ သိရှိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117