Connect with us

Environment, Disasters & Accidents

ထိုင်ဝမ်ဒေသ ရှင်းပိန် မြို့ ရှိ ရေပေါ် အပန်းဖြေ စခန်း ပေါက်ကွဲမှု ကြောင့် လူပေါင်း ၅၁၆ ယောက် ဒဏ်ရာ ရရှိ

ထိုင်ဝမ်ဒေသ ရှင်းပိန်မြို့ရှိ Formosa ရေပေါ် အပန်းဖြေ စခန်း တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လူများ စုဝေး နေစဉ်(ဆင်ဟွာ)

ထိုင်ပေ ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ)

ထိုင်ဝမ်ဒေသ ရှင်းပိန်မြို့ရှိ Formosa ရေပေါ် အပန်းဖြေ စခန်း တွင် ဇွန် လ ၂၇ ညပိုင်းတွင် ရောင်စုံ မီးပန်း ပါတီ ပြုလုပ်ရာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၅၁၆ ယောက် ဒဏ်ရာရရှိခဲ့ပြီး ၄ ဦးမှာ တရုတ် ပြည်မကြီး မှ ဖြစ်သည်။

ဒဏ်ရာရရှိသူ အတွင်းမှ ၁၈၃ ယောက်အား အထူး ကြပ်မတ်ဆောင် တွင် ဆေးဝါး ကုသမှု ခံယူနေရပြီး တချို့ လူနာ များ အနေဖြင့် အရေပြား ပြန်လည် အစားထိုး ကုသမှု များ ပြုလုပ်ရ မည်ဖြစ်ကြောင်း သိရှိ ရသည်။ ဒဏ်ရာ ရရှိသူ များအား ဆေးရုံ ၃၉ ရုံ တွင် ကုသမှု များပြုလုပ်နေကြပြီး ဒဏ်ရာ ပြင်းထန်သူ ၁၉၄ ယောက် အထိ ရှိခဲ့သည်။ ကျန်းမာရေး ဌာန မှ လက်ရှိချိန်အထိ သေဆုံးသူ မရှိသေးကြောင်း ထုတ်ပြန်ခဲ့သည်။

တချို့လူနာ များသည် အရေပြား မျက်နှာပြင် ရာခိုင်နှုန်း ၅၀ ကျော် အထိ အပူလောင်ခဲ့သည်။ တချို့လူနာ များမှာလည်း မီးခိုးငွေ့အများအပြား ရှုသွင်းမိသောကြောင့် အသက်ရှုလမ်းကြောင်း ဒဏ်ရာရရှိမှု များ ဖြစ်ပွား ခဲ့သည်။

အခင်းဖြစ်ပွားပြီးနောက် တရုတ်ထိုင်ဝမ် ရေးရာ အလုပ်ရုံးမှ သက်ဆိုင်ရာ ဌာန များနှင့် ဆက်သွယ်ပြီး လိုအပ် သော ကူညီထောက်ပံ့မှု များအား အစွမ်းကုန် ပြုလုပ် ရန်ပြောကြား ခဲ့သည်။ ထိုင်ဝမ် ဘက်မှ လည်း ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)