Connect with us

Environment, Disasters & Accidents

တရုတ်တွင် လေဆင်နှာမောင်းတိုက်၊ မိုးသီးမုန်တိုင်းကျမှုကြောင့် သေဆုံးသူ ၉၈ ဦးအထိ ရှိလာ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစုပြည်နယ်ရှိ ဒဏ်ရာရရှိသူ အမျိုးသမီး တစ်ဦးအား ကယ်ဆယ်ရေး သမားများက ကူညီနေစဉ် (ဆင်ဟွာ)

နန်ကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစုပြည်နယ်တွင် လေဆင်နှာမောင်းနှင့် မိုးသီးမုန်တိုင်း တိုက်ခတ်မှုများကြောင့် သေဆုံးသူ ၉၈ ဦး အထိရှိလာပြီး လူ ၈၀၀ ခန့်လည်း ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ကယ်ဆယ်ရေး ရုံးချုပ်က ဇွန်လ ၂၄ ရက်က ပြောသည်။

ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးသီးမုန်တိုင်းများနှင့် လေဆင်နှာမောင်း အဆက်မပြတ် တိုက်ခတ် မှုများကြောင့် ဇွန်လ ၂၃ ရက် ဒေသစံတော်ချိန် နေ့လည် ၂း၃၀ နာရီအချိန်တွင် တရုတ်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းအနီး ရန်ချန်းမြို့ကို များစွာ ထိခိုက်ခဲ့ပြီး အဆောက်အအုံများ၊ သစ်ပင်များ၊ မော်တော်ယာဉ် များနှင့် လျှပ်စစ်မီးတိုင်များ ပျက်စီးခဲ့ကြောင်း သိရသည်။
အပျက်အစီးများကြားမှ လူများအား ရှာဖွေခြင်း လုပ်ငန်းများလည်း အပြီးသတ် လုပ်ဆောင်နိုင်ခဲ့ကြောင်းနှင့် ရှင်းလင်းရေး လုပ်ငန်းများကမူ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ကျန်းစု ပြည်နယ်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ ခေါင်းဆောင် ကျိုးရှန်းက ဇွန်လ ၂၄ ရက်က ပြောသည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ကလည်း ကယ်ဆယ်ရေး လုပ်ငန်းများ အားလုံးနှင့် အသက်ကယ် ဆယ်ရေး လုပ်ငန်းများ ဦးစားပေး လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ရွှေ့ပြောင်း ဒေသခံများအား ကူညီရန် ရဲ အရာရှိ ၁,၃၀၀ ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။
နွေရာသီတွင် တရုတ်နိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်း ဒေသများသို့ လေဆင်နှာမောင်းများ ရံဖန်ရံခါ တိုက်ခတ် လေ့ရှိသော်လည်း ယခုလို ရန်ချန်းမြို့တွင် ကြုံတွေ့ရသည့် ထိခိုက်ပျက်စီးမှု ပမာဏမှာ ကြုံတွေ့ရခဲ့ကြောင်းနှင့် အလားတူ သဘာဝဘေးမျိုး ၁၉၆၆ ခုနှစ် မတ်လတွင် ယင်းမြို့၌ပင် ကြုံတွေ့ခဲ့ဖူးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.