ပေကျင်း၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) အမေရိကန် သမ္မတ၏ အမျိုးသားလုံခြုံရေး အကြံပေး Michael Waltz က အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ(NSC) အကြံပေးများကို အိမ်ပြန်၍ အမိန့်စောင့်ဆိုင်းရန် ဇန်နဝါရီ ၂၂ ရက်တွင်...
စိန်ရန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ်ရှိ ရေကြီးရေလျှံမှုဒဏ် ကြုံတွေ့ခံစားခဲ့ရသော ကျေးရွာတွင် နေထိုင်သူများထံ ဇန်နဝါရီ ၂၂ ရက်က သွားရောက်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် ကျရောက်ပြီး တရုတ်ပြည်သူများအတွက်...
ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လျိုကျင့်စုန်းသည် ဇန်နဝါရီ ၂၂ ရက်တွင် တရုတ်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Chatchai Viriyavejakul နှင့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေတို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးလိမ်ညာမှု အတူတကွတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အလေးထား ဆွေးနွေးခဲ့ကြောင်း...
ပေကျင်း၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းက ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ခေါင်းဆောင်များက နှစ်သစ်ဆုမွန်ကောင်းများ အပြန်အလှန်ပို့သခဲ့ကြသည်။ ရှီကျင့်ဖိန်က လာမည့်ရက်ပိုင်းများသည်...
ပေကျင်း၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရ နိုင်ငံခြားရေးတာဝန်ခံ Touhid Hossain နှင့် အတူ ပေကျင်းမြို့တွင် တွေ့ဆုံဆွေနွေးခဲ့ကြောင်း သိရသည်။ ဝမ်ရိက ယခုနှစ်သည် တရုတ်- ဘင်္ဂလားဒေ့ရှ် သံတမန်ဆက်ဆံရေး ထူထောင်မှု...
တရုတ်နိုင်ငံအနေဖြင့် အမြင်မတူမှုများကို အမေရိကန် အစိုးရသစ်နှင့်အတူ သင့်တင့်လျောက်ပတ်စွာ စီမံကိုင်တွယ်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇန်နဝါရီ ၂၀ ရက်၌ ပြောကြားခဲ့သည်။ အမေရိကန် အစိုးရသစ်အပေါ် တရုတ်နိုင်ငံ၏ မျှော်လင့်ချက်နှင့် စပ်လျဉ်း၍ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုအား ပြန်လည်ဖြေကြားရာ၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။...
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ဇန်နဝါရီ ၂၀ ရက်၌ ကျင်းပခဲ့သည့် CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အစည်းအဝေးအား သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေး၌ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) ၏ ထိပ်တန်း ပါတီဝင် အစုအဖွဲ့များ၊ နိုင်ငံတော်ကောင်စီ၊...
ပေကျင်း၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) ဇန်နဝါရီ ၁၇ ရက် ညပိုင်းတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ ရွေးကောက်ခံ သမ္မတ ထရမ့်တို့ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ရှီကျင့်ဖိန်က ထရမ့် အမေရိကန်နိုင်ငံ သမ္မတအဖြစ် ထပ်မံရွေးကောက်ခံရခြင်းကို ဂုဏ်ပြုကြောင်း၊ မိမိတို့သည် တစ်ဦးနှင့်တစ်ဦး...
ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) မကြာသေးမီက သရုပ်ဆောင် ဝမ်XXX၊ မီးအလှပြပညာရှင် စွန်းXXXချန် စသည့် တရုတ်နိုင်ငံသားများစွာသည် ထိုင်း-မြန်မာနယ်စပ်သို့ လိမ်လည်ခေါ်ဆောင်ခံရပြီးနောက် အဆက်အသွယ်ပြတ်တောက်၊ ပိတ်မိနေမှုသည် လူမှုအသိုက်အဝန်း၏ အထူးအာရုံစိုက်ခြင်းခံခဲ့ရသည်။ အဆိုပါကိစ္စရပ်အပေါ် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက များစွာအလေးထားပြီး ပြည်ပသို့ ရောက်ရှိပြီး အဆက်အသွယ်ပြတ်တောက်၍ ပိတ်မိနေသူများ၏အခြေအနေအား...
ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့်ကာ ဆက်သွယ်ရေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားနှင့် လူကုန်ကူးမှုကဲ့သို့ နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးအတွက် အပြင်းအထန် ဆက်လက်ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကော်ကျားခွန်းက ဇန်နဝါရီ ၁၇ ရက်၌ ပြောကြားခဲ့သည်။ (Xinhua) ………………………………………….....