Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၏ ဟောင်ကောင်ဒေသခံများက ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးအတွက် ဆန္ဒထုတ်ဖော်


ဟောင်ကောင် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဟောင်ကောင်ဒေသခံ သုံးသိန်းကျော်သည် ဇူလိုင် ၂ဝ ရက် မွန်းလွဲပိုင်းတွင် အကြမ်းဖက်မှုဆန့်ကျင်ကြောင်း နှင့် ရဲတပ်ဖွဲ့အား ထောက်ခံကြောင်း စုရုံးဆန္ဒထုတ်ဖော်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့စုရုံးဆန္ဒထုတ်ဖော်စဉ် ၎င်းတို့က ဟောင်ကောင်တွင် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို ကာကွယ်စောင့်ရှောက်ရန် နှင့် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန်အတွက်လည်း တောင်းဆိုခဲ့ကြသည်။

တရုတ်နိုင်ငံဟောင်ကောင်၌ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးအတွက် ဒေသခံများ စုရုံးဆန္ဒထုတ်ဖော်နေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံဟောင်ကောင်၌ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးအတွက် ဒေသခံများ စုရုံးဆန္ဒထုတ်ဖော်နေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံဟောင်ကောင်၌ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးအတွက် ဒေသခံများ စုရုံးဆန္ဒထုတ်ဖော်နေစဉ်(ဆင်ဟွာ)

ဆန္ဒထုတ်ဖော်ပွဲကို ဟောင်ကောင်ကျွန်းပေါ်ရှိ Tamar Park ပန်းခြံမှ အစပြုခဲ့ပြီး မြို့အနှံ့စီတန်းလှည့်လည်ပွဲများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်း ဆန္ဒထုတ်ဖော်ပွဲကို ဒေသစံတော်ချိန် ညနေ ၅ နာရီခန့်တွင်စတင်ခဲ့ပြီး တက်ရောက်လာကြသူများက တရုတ်နိုင်ငံအလံ နှင့် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသအလံတို့ကို ပူးတွဲဝှေ့ယမ်းခဲ့ကြသည်။ ထိုသူများသည် ဟောင်ကောင်၌ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး ပြန်လည်ရရှိရန် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် “ဟောင်ကောင်ကို ကာကွယ်စောင့်ရှောက်ပါ” စာတမ်းများ ချိတ်ဆွဲထားသော ငါးဖမ်းသင်္ဘော ဆယ်စီးကျော်ကလည်း ဗစ်တိုးရီးယားဆိပ်ကမ်းမှ ထွက်ခွာကာ ပင်လယ်ပြင်အတွင်း လှည့်လည်မောင်းနှင်၍ ၎င်းတို့၏ စည်းလုံးညီညွတ်မှုကို ထုတ်ဖော်ပြသခဲ့ကြသည်။

Tamar ပန်းခြံ၌ ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲတွင် ဟောင်ကောင်ရဲတပ်ဖွဲ့၏ ရဲအရာရှိငယ်များအသင်းမှ ဥက္ကဋ္ဌ(ဟောင်း) Chan Cho-kwong က မကြာသေးခင်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်အပေါ် ရှုတ်ချကြောင်း နှင့် ဟောင်ကောင်ရဲတပ်ဖွဲ့နှင့် ၎င်းတို့၏ မိသားစုဝင်များအပေါ် ထောက်ခံကြောင်း ပြောကြားခဲ့သည်။

“ မကြာသေးခင်နေ့ရက်တွေမှာ ဟောင်ကောင်ဟာ အကွဲအပြဲနဲ့အကြမ်းဖက်မှုတွေကို ကြုံတွေ့ခဲ့ရတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ မတူခြားနားတဲ့အသံတွေကို ကြိုဆိုပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှုကိုတော့ ဆန့်ကျင်ပါတယ်” ဟု သူငယ်ချင်းများနှင့်အတူ ဆန္ဒထုတ်ဖော်ပွဲသို့တက်ရောက်လာသော အသက် ၂၈ နှစ်အရွယ် Ms Ying က ဆိုသည်။

ဟောင်ကောင်တက္ကသိုလ်မှ ဘွဲ့ရကျောင်းသားတစ်ဦးဖြစ်သူ Cheng Chun-hei က လူငယ်များ နှင့် လူမှုအဖွဲ့အစည်းသည် ပြဿနာများဖြင့် ကြုံတွေ့နေရကြောင်း ၊ သို့သော်လည်း အဆိုပါပြဿနာများကို အကြမ်းဖက်မှုနည်းလမ်း နှင့် တရားမဝင်နည်းလမ်းများသုံး၍ ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

Queen Mary ဆေးရုံမှ ဌာနစုအကြီးအကဲတစ်ဦးဖြစ်သူ Lo Chung-mau က ဆေးရုံရှိ ဆရာဝန် စုစုပေါင်း ၁၉၂ ဦးက “ ဟောင်ကောင်ကို ထိခိုက်မှုမရှိအောင် ကာကွယ်ပါ” ဟူသော ကြေညာချက်ကို လက်မှတ်များရေးထိုး၍ တောင်းဆိုခဲ့ကြကြောင်း ၊ ဟောင်ကောင်သည် ယခုအခါ နာမကျန်းမှု နှင့် ထိခိုက်မှု တို့ဖြစ် ကြုံတွေ့နေရကြောင်း တောင်းဆိုချက်တွင် ဖော်ပြထားသည်။

ဟောင်ကောင်ပြည်သူများအနေဖြင့် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဟောင်ကောင်ကို ကာကွယ်သင့်ကြောင်း ၊ စည်းလုံးညီညွတ်မှုစိတ်ဓာတ်ကို ဆုပ်ကိုင်ထားရမည်ဖြစ်ကြောင်း ၊ ဇွဲလုံးလဖြင့် ကြိုးပမ်းအားထုတ်ရမည်ဖြစ်ကြောင်း နှင့် အနာဂတ်ကိုရှု့မျှော်၍ ရှေ့ဆက်ရမည်ဖြစ်ကြောင်း Lo က ဆိုသည်။

“ အကြမ်းဖက်မှုအစား ငြိမ်းချမ်းမှု နဲ့သဟဇာတဖြစ်မှုကို ထုတ်ဖော်ပြသဖို့ဒီနေရာမှာ ကျွန်တော်တို့ရောက်ရှိနေတာပါ။ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ပြဿနာတွေကို အဖြေရှာဖို့ကျွန်တော်တို့အတူတကွ လုပ်ဆောင်နိုင်ပါတယ် ” ဟု Lan Kwai Fong Holdings ကုမ္ပဏီမှ ဥက္ကဋ္ဌ Allan Zeman က ပြောကြားခဲ့သည်။

ဟောင်ကောင်၏ အဓိက စီးပွားရေးလုပ်ငန်းစု ၅ ခုမှ တာဝန်ရှိသူများကလည်း ဆန္ဒထုတ်ဖော်ပွဲမှတဆင့် တည်ငြိမ်သောစီးပွားရေးပတ်ဝန်းကျင်ကောင်းတစ်ခုကို ပြန်လည်ရောက်ရှိရန်အတွက် တောင်းဆိုခဲ့သည်။

အခမ်းအနားအဆုံးတွင် ဟောင်ကောင်ရှိ လူမှုအသိုက်အဝန်းပေါင်းစုံမှ ကိုယ်စားလှယ်များက“ ဟောင်ကောင်ကို ကာကွယ်စောင့်ရှောက်ပါ” ဟူသော တောင်းဆိုသံကို ဟစ်ကြွေးခဲ့ကြပြီး ဟောင်ကောင်၏ နာမည်ကျော်သီးချင်းတစ်ပုဒ်ဖြစ်သည့် Lion Rock သီချင်းကို သံပြိုင်သီဆိုခဲ့ကြသည်။ ယင်းမှာ ဟောင်ကောင်ပြည်သူများ ရှေ့ဆက်တိုးတက်အောင်ဆောင်ရွက်ခြင်း နှင့် ဇွဲလုံးလဖြင့်ကြိုးပမ်းအားထုတ်ခြင်းဆိုင်ရာ စိတ်ဓာတ် ခွန်အား အကြောင်းကို ရေးဖွဲ့သီကျူးထားသော တေးသီချင်းတစ်ပုဒ်ဖြစ်ကြောင်းသိရသည်။

“ တရားဥပဒေစိုးမိုးရေးကို ကျွန်တော်တို့လိုလားတယ်။ ငြိမ်းချမ်းရေးကို ကျွန်တော်တို့လိုလားတယ်။ တည်ငြိမ်ရေးကို ကျွန်တော်တို့လိုလားတယ်။ စည်းလုံးညီညွတ်မှုကို ကျွန်တော်တို့လိုအပ်တယ်”အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်စီစဉ်သူများ၏ ပြောကြားချက်အရ Tamar ပန်းခြံတွင်ပြုလုပ်သော ဆန္ဒထုတ်ဖော်ပွဲအပြင် ဟောင်ကောင်အနှံ့တွင် ဆန္ဒထုတ်ဖော်ပွဲ အခွဲ သုံးခုကိုလည်း တစ်ပြိုင်နက်ကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)