Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နှင့် ပါကစ္စတန် နိုင်ငံ တို့ မှ ၆ ကြိမ်မြောက် မဟာဗျူဟာ ဆွေးနွေးပွဲ ကျင်းပ

တရုတ် နိုင်ငံ နှင့် ပါကစ္စတန် နိုင်ငံ တို့ မှ ၆ ကြိမ်မြောက် မဟာဗျူဟာ ဆွေးနွေးပွဲ ပြုလုပ်နေစဉ်(ဓာတ်ပုံ-www.GOV.cn.com)

အစ္စလာမ်မာဘတ် ၊ သြဂုတ် ၂ ရက်(ဆင်ဟွာ)

တရုတ်-ပါကစ္စတန် ၆ ကြိမ်မြောက် မဟာဗျူဟာ ဆွေးနွေးပွဲ ကို ဇူလိုင် ၃၀ ရက်နေ့က ပါကစ္စတန် နိုင်ငံ အစ္စလာမ်မာဘတ် မြို့တွင် ကျင်းပ ခဲ့သည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး အတွင်းရေး မှူး လျိုကျင့်ချောင်း နှင့် ပါကစ္စတန် နိုင်ငံ ခြားရေး ဝန်ကြီး အတွင်းရေး မှူး Chowdhury တို့မှ ဆွေးနွေး ပွဲအား ပူူးတွဲ သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ကြသည်။

ထိုနောက် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး အတွင်းရေးမှူး လျိုကျင့်ချောင်း မှ ပါကစ္စတန် ဝန်ကြီးချုပ် အမျိုးသား လုံခြုံရေး နှင့် နိုင်ငံခြားရေး အကြံပေး အရာရှိ Shaukat Aziz အား တွေ့ဆုံခဲ့သည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ မှ ဘက်စုံ မဟာဗျူဟာ မိတ်ဆွေ ဆက်ဆံရေး တိုးမြင့် နိုင်ရေး အတွက် ဆွေးနွေး ခဲ့ကြသည်။ နှစ်နိုင်ငံ ခေါင်းဆောင် များမှ ထားရှိခဲ့သည့် သဘောတူညီမှု များကို အကောင်ထည်ဖော် ဆောင်ရွက်ကာ တရုတ်-ပါကစ္စတန် စီးပွားရေး စြင်္က ံကို တက်ကြွစွာ တည်ဆောက်သွားပြီး တရုတ်-ပါကစ္စတန် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း ဖြစ်ပေါ်ရေး အတွက် တွန်းအား ပေးဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။ ထိုပြင် နှစ်နိုင်ငံ မှ ဒေသတွင်း နှင့် နိုင်ငံတကာ ကိစ္စ ရပ်များတွင် ထားရှိသည့် သဘောထား အမြင်များအား ဖလှယ် ခဲ့ကြသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117