Connect with us

Politics, Law & Military

တရုတ်-ဘရာဇီး နှစ်နိုင်ငံ အမေရိကန် ဒေါ်လာ ၂၇ ဘီလီယံ တန်ဖိုးရှိ စာချုပ်များ ချုပ်ဆို

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ဘရာဇီး နိုင်ငံ သမ္မတ Rousseff တို့ အား Beautiful Hill ဗို့အားမြင့် ရေအား လျှပ်စစ် စီမံကိန်း စတင်ခြင်း အခမ်းအနားတွင် မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးလီးရား ၊ မေ ၂၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၏ ဘရာဇီး နိုင်ငံ လည်ပတ်မှု ခရီးစဉ်အတွင်း တရုတ်နှင့် ဘရာဇီး နှစ်နိုင်ငံသည် ကုန်ထုတ်လုပ်မှု ၊ အခြေခံ အဆောက်အအုံ တည်ဆောက်မှုနှင့် ဘဏ္ဍာရေး စသည့် ကဏ္ဍ အသီးသီး တွင် စာချုပ် ပေါင်း ၃၅ ခု ချုပ်ဆိုခဲ့ပြီး စုစုပေါင်း တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၇ ဘီလီယံ ခန့် ရှိသည်။

ထိုပြင် သမုဒ္ဒရာ နှစ်ခု ဖြစ်သည့် အတ္တလန်တိတ် သမုဒ္ဒရာနှင့် ပစိဖိတ် သမုဒ္ဒရာ တို့ကို ဆက်သွယ်ပေးသည့် ကီလိုမီတာ ၃၅၀၀ ရှည်လျားသော တောင် အဖရိကတိုက်ကို ဖြတ်သန်း ထားသည့် ရထားလမ်း ဆောက်လုပ်ရေး သုတေသန လုပ်ငန်းအား စတင်ခဲ့သည်။

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် မေလ ၁၉ ရက် တွင် ဘရာဇီး နိုင်ငံ သမ္မတ Rousseff နှင့် တွေ့ဆုံခဲ့ပြီး အတူတကွ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ခဲ့သည်။

ဝန်ကြီးချုပ် လီခဲ့ချန် မှ တရုတ်-ဘရာဇီး နှစ်နိုင်ငံသည် ကုန်ထုတ်လုပ်မှု ပူးပေါင်း ဆောင်ရွက်ခြင်း တိုးမြှင့်ရန် သဘော တူညီချက် ရရှိခဲ့ကြောင်း ၊ ထိုကဲ့သို့ ကုန်ထုတ်လုပ်မှု ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဘရာဇီး နိုင်ငံ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး အတွက် အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဘရာဇီး နိုင်ငံနှင့် အတူ ကုန်ထုတ်လုပ်မှု ပူးပေါင်း ဆောင်ရွက်မှု ရန်ပုံငွေ တစ်ရပ် ထူထောင်ရန် ဆန္ဒ ရှိကြောင်း ၊ နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးမြှင့် သွားရန် သဘောတူ ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဘရာဇီး နိုင်ငံ၏ နိုင်ငံတကာ ရေးရာတွင် ဆောင်ရွက် မှုများကို ထောက်ခံကြောင်း ပြောကြား ခဲ့သည်။

သမ္မတ Rousseff မှ ဘရာဇီး-တရုတ် နှစ်နိုင်ငံ အနေဖြင့် ဘက်စုံ မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်မှု ဆက်ဆံရေး ကို တည်ဆောက်သွားမည် ဖြစ်ကြောင်း ၊ အဓိက အားဖြင့် ကုန်ထုတ်လုပ်မှုနှင့် အခြေခံ အဆောက်အအုံ တည်ဆောက်မှု တွင် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ အပြန်အလှန် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြင့် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.