Connect with us

Politics, Law & Military

တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်း တစ်ခုတည်းကသာ မှန်ကန်သော ရွေးချယ်မှုဖြစ်ဟု သမ္မတ ရှီကျင့်ဖိန် ဆို

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာဘက် ဒုတိယမြောက်) နှင့် ဇနီး ဖုန်းလိယွမ် (ယာစွန်) ၊ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ဝဲဘက် ဒုတိယမြောက်) နှင့် ဇနီး မယ်လာနီယာ ထရမ့် (ဝဲစွန်) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နှင့် အမေရိကန် ဆက်ဆံရေးအကြောင်း ပြောကြားရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း နည်းလမ်း တစ်ခုတည်းကသာ မှန်ကန်သော ရွေးချယ်မှု ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ရှီသည် အထက်ပါ မှတ်ချက်အား တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းက ပြည်သူ့ခန်းမကြီးတွင် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)