Connect with us

Politics, Law & Military

“သံခင်းတမန်ခင်းဆိုင်ရာ ရှီ၏ ပို့ချချက်များ” စာအုပ်ဖြန့်ချိမည်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

တရုတ်လူမျိုးတို့၏သွင်ပြင်လက္ခဏာနှင့်အတူ နိုင်ငံ၏ အဓိကသံတမန်ရေးဆိုင်ရာများကို ရေးသားဖော်ပြထားသည့် တရုတ်နိုင်ငံကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ “သံခင်းတမန်ခင်း ပို့ချချက်များ” ကျမ်းစာအုပ်ကို တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ပုံနှိပ်ဌာနမှ ရိုက်နှိပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစာအုပ်ထဲတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာအထိ သမ္မတရှီ၏ မိန့်ခွန်းများ ၊ ဆောင်းပါးများ ၊ ဂုဏ်ပြုသဝဏ်လွှာများ နှင့် အခြားသော စာတမ်းများကို စုစည်းဖော်ပြထားပြီး ပထမဆုံးအကြိမ်အဖြစ် ပုံနှိပ်ထုတ်ဝေလိုက်ခြင်းဖြစ်သည်။ပို့ချချက်ကျမ်းစာအုပ်ထဲတွင် လူသားမျိုးနွယ်ကံကြမ္မာတူ အကျိုးတူသိုက်ဝန်းတစ်ခု တည်ဆောက်မှု ၊ ရပ်ဝန်းနှင့်ပိုးလမ်းမ တစ်ဆောက်မှု ၊ ကမာ္ဘလုံးဆိုင်ရာအုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲမှု စသည်တို့ အပါအဝင်  ခေါင်းစဉ်ငယ် ၁၀ ခုခွဲ၍ ထည့်သွင်းထားသည်။၎င်းစာအုပ်ကို တရုတ်ကွန်မြူနစ်ပါတီ၏ ပါတီသမိုင်းကြောင်း နှင့် စာပေးရေးရာဌာနမှ ရေးသားပြုစုခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးသို့ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)