Connect with us

Politics, Law & Military

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၏ ငွေကြေးစနစ်တွင် ယွမ်ငွေပါဝင်လာပြီးနောက် ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု တရုတ်နိုင်ငံပြောကြား

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ မန်နေဂျင်းဒါရိုက်တာ Christine Lagarde က (SDR) ငွေကြေးစနစ် သို့ တရုတ်ယွမ်ငွေ ထည့်သွင်းကြောင်း ကြေညာနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဗဟိုဘဏ်က အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အထူးထုတ်ယူမှု အခွင့်အရေး(SDR) ငွေကြေးစနစ် တွင် တရုတ်ယွမ်ငွေပါဝင်လာပြီးနောက် တရုတ်နိုင်ငံသည် ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု နှင့် ဈေးကွက်များဖြန့်ကျက် ဖွင့်လှစ်မှုများကို ဆက်တိုက်တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁ရက်ကပြောကြားခဲ့သည်။

IMF က တရုတ်ယွမ်ငွေ ပါဝင်သည့် SDR ငွေကြေးစနစ်သစ် စတင်ဆောင်ရွက်ခြင်း အား စက်တင်ဘာ ၃၀ တွင် ကြေညာခဲ့ပြီး ယင်းစနစ်သည် အောက်တိုဘာ ၁ရက်တွင် အကျိုးသက်ရောက်မှုရှိလာကာ တရုတ်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးစနစ်တို့၏ သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။တရုတ်နိုင်ငံသည် အဆိုပါလုပ်ဆောင်ချက်အား ကြိုဆိုပါကြောင်းနှင့် ထိုသို့လုပ်ဆောင်ခြင်းသည် အပြည်ပြည်ဆိုင်ရာ ငွေကြေးစနစ်အား ပြန်လည်အဆင့်မြှင့်တင်ဆောင်ရွက်နေစဉ် SDR ငွေကြေးစနစ်၏ ကိုယ်စားပြုမှုများ၊ တည်ငြိမ်မှု နှင့် ဆွဲဆောင်မှုတို့ကို ပိုမိုအားကောင်းလာစေကြောင်း တရုတ်နိုင်ငံဗဟိုဘဏ် က ၎င်း၏ အင်တာနက်စာမျက်နှာ ၌ ထုတ်ပြန်ရေးသားခဲ့သည်။

SDR ငွေကြေးစနစ်၌ တရုတ်ယွမ်ငွေပါဝင်လာခြင်းသည် တရုတ်ယွမ်ငွေအား နိုင်ငံတကာတွင် လက်ခံသုံးစွဲလာမှု၏ မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ ငွေကြေးပြုပြင်ပြောင်းလဲလာမှု၊ ဈေးကွက်ဖွင့်လှစ်နိုင်မှု နှင့် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများတွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများအား ကိုယ်စားပြုကြောင်း ဗဟိုဘဏ်ကပြောကြားခဲ့သည်။

SDR သည် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အဖွဲ့ဝင်နိုင်ငံများ၏ တရားဝင် ရန်ပုံငွေတောင်းခံမှှုများအား ထောက်ပံ့ရန် ၁၉၆၉ခုနှစ်တွင် ဖန်တီးခဲ့သော နိုင်ငံတကာ ရန်ပုံငွေ ပိုင်ဆိုင်မှု တစ်ခု ဖြစ်သည်။ ယင်း SDR စနစ်အားအသုံးပြု၍ လိုအပ်သည့်အချိန်၌ အစိုးရအချင်းချင်း လွတ်လပ်စွာ အသုံးပြုနိုင်သည့် ငွေကြေးများအား ဖလှယ်နိုင်ကြောင်း သိရသည်။

၂၀၁၅ခုနှစ် နိုဝင်ဘာလတွင် IMF အဖွဲ့က SDR စနစ်အတွင်းသို့ တရုတ်ယွမ်ငွေအား ငါးခုမြောက်ငွေကြေးစနစ်အဖြစ် ထည့်သွင်းရန် ဆုံးဖြတ်ခဲ့ပြီး ၂၀၁၆ခုနှစ် အောက်တိုဘာ ၁ရက်တွင် စတင်အကျိုးသက်ရောက်မှုရှိလာခဲ့ကြောင်း သိရသည်။IMF အဖွဲ့၏ အမှုဆောင်ဘုတ်အဖွဲ့ဝင်များက SDRစနစ်သစ်အတွင်းရှိ ငွေကြေးများ၏ ပါဝင်မှုနှုန်းကိုလည်း စက်တင်ဘာ ၃၀ က ဆုံးဖြတ်ခဲ့ပြီး တရုတ်ယွမ် ၁၀.၉၂ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၄၁.၇၃ရာခိုင်နှုန်း၊ ယူရို ၃၀.၉၃ရာခိုင်နှုန်း၊ ဂျပန်ယန်း၈.၃၃ရာခိုင်နှုန်း နှင့် စတာလင်ပေါင် ၈.၀၉ရာခိုင်နှုန်းပါဝင်ကြောင်း သိရသည်။အဆိုပါရာခိုင်နှုန်း သည် SDR ငွေကြေးစနစ် အသစ်အား ပြန်လည်သုံးသပ်မှု မပြုမီ နောက်လာမည့် ၅နှစ်ကျော်အထိ ပုံသေရှိသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117