Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးတို့ တွေ့ဆုံ

တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ယာ) နှင့် မြန်မာနိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေတို့ ပေကျင်းမြို့တွင် တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြန်မာနိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေနှင့် သြဂုတ်လ ၂၇ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံပြီး မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံ နယ်စပ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းရန် ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်သွားမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်ရန် ကြိုးပမ်းအားထုတ်မှုများတွင် အခိုင်အမာ ထောက်ပံ့လျက်ရှိကြောင်း၊ သက်ဆိုင်သော အဖွဲ့အစည်းများကလည်း ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ အပစ်အခတ် ရပ်စဲရေးအခြေအနေအား တည်တံ့စေကာ နှစ်နိုင်ငံနယ်စပ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းသွားမည်ဟု မျှော်မှန်းထားခဲ့ကြောင်း ဝမ်က ပြောခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံက ရခိုင်ပြည်နယ်ရှိ အခြေအနေအား အနီးကပ်အာရုံစိုက်လျက် ရှိပါကြောင်းနှင့် ထိုကိစ္စတွင် နိုင်ငံစုံပါဝင်မှုနှင့် နိုင်ငံရေးဇာတ်သွင်းမှုအား ဆန့်ကျင်ကြောင်း ဝမ်က ဆိုသည်။

၎င်းက ဆက်၍ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာထွက်ပြေးသူများ ပြန်လည်ခေါ်ယူရေးတွင် မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော ရပ်တည်ချက်နှင့် လက်တွေ့ကျသော လုပ်ဆောင်မှုများအား တရုတ်နိုင်ငံက ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။

မြန်မာနိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက မြန်မာနိုင်ငံအနေဖြင့် နေရပ်စွန့်ခွာထွက်ပြေးသူများ ပြန်လည်ခေါ်ယူရေးလုပ်ငန်းတွင် တရုတ်နိုင်ငံ၏ ကာလရှည် ကူညီမှုကို ကျေးဇူးတင်ကြောင်း၊ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံ လမ်းကြောင်းများနှင့် ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဆက်လက် အဖြေရှာသွားမည်ဟု ကတိပြုထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.