Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် စင်ကာပူ နိုင်ငံသို့ ရောက်ရှိ

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖျိန်လိယွမ်တို့ စင်ကာပူနိုင်ငံသို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

စင်ကာပူ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် စင်ကာပူနိုင်ငံ သမ္မတ တိုနီတန် ကန်ယမ်၏ ဖိတ်ကြားချက်ဖြင့် နိုဝင်ဘာလ ၆ ရက်နေ့က စင်ကာပူနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။

သမ္မတ ရှီအနေဖြင့် ၂၀၁၃ ခုနှစ်တွင် သမ္မတရာထူး တာဝန်ယူပြီးနောက် စင်ကာပူ နိုင်ငံသို့ ပထမဦးဆုံး တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် လာရောက် ခြင်းလည်း ဖြစ်သည်။ စင်ကာပူနိုင်ငံ အနေဖြင့်လည်း စက်တင်ဘာလ ၁၁ ရက်နေ့ အထွေထွေ ရွေးကောက်ပွဲ ပြီးနောက် ပထမဆုံး အကြိမ်အဖြစ် တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အား လက်ခံခြင်းလည်း ဖြစ်သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖျိန်လိယွမ် နှင့် အတူ တရုတ် ကွန်မြူနစ်ပါတီ ဗဟို နိုင်ငံရေး ဗျူရို ကော်မတီဝင် ၊ ဗဟို စီမံကိန်း သုတေသန ဌာန ဌာနမှူး ဝမ်ဟူနင်း ၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟို နိုင်ငံရေး ဗျူရို ကော်မတီဝင် ၊ ဗဟို အလုပ်ရုံး ဌာန ဌာနမှူး လိကျန့်ဆူး ၊ နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီ နှင့် တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ ပြည်ပ ဆက်သွယ်ရေးဌာန ဌာနမှူး ဝမ်ကြားလွေ့ တိ့ု အတူတကွ လိုက်ပါ သွားခဲ့ကြောင်း သိရှိခဲ့ရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117