Connect with us

Politics, Law & Military

တရုတ် နိုင်ငံ က ဂျပန် နိုင်ငံ အား COVID-19 ရောဂါ ရှိမရှိ စစ်ဆေး နိုင်သည့် Nucleic acid ရောဂါစစ်ဆေးမှု ဆေးရည် အား ပေးအပ်လှူဒါန်း

COVID-19 ရောဂါ ရှိမရှိ စစ်ဆေး နိုင်သည့် Nucleic acid ရောဂါစစ်ဆေးမှု ဆေးရည် ထုတ်လုပ်နေသည် ကို မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

တိုကျို ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) 

ဂျပန် နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး တွင် ယနေ့ ဖေဖော်ဝါရီ ၂၀ ရက် တွင် ကျင်းပ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် သံရုံး ပြောရေးဆိုခွင့်ရှိသူ က ဂျပန် နိုင်ငံ ၌ COVID-19 ရောဂါ ရှိမရှိ စစ်ဆေး နိုင်သည့် Nucleic acid ရောဂါစစ်ဆေးမှု ဆေးရည် မလုံလောက်ကြောင်း သိရှိခဲ့ရသည့် အတွက် တရုတ် နိုင်ငံ အနေဖြင့် ချက်ချင်း ထောက်ပံ့ပေးမည် ဟု အကြောင်းကြား ကာ ဆောင်ရွက်မှုများ စတင် ပြုလုပ်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ပြောရေးဆိုခွင့် ရှိသူ က လတ်တလောရက်ပိုင်း တွင် ဂျပန် နိုင်ငံ ၌ COVID-19 ကပ်ရောဂါ ဖြစ်ပွား မှု သည် တိုးမြင့် လာခဲ့ပြီး တရုတ် နိုင်ငံ အနေဖြင့် ယင်း ကိစ္စရပ် အပေါ် လွန်စွာ အလေးထား ကာ စာနာမိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ပြည်တွင်းရှိ လုပ်ငန်း ကုမ္ပဏီ များနှင့် ချိတ်ဆက်ကာ ဂျပန် နိုင်ငံ အတွက် အရေးပေါ် Nucleic acid ရောဂါစစ်ဆေးမှု ဆေးရည် အား ပေးအပ်လှူဒါန်း ခဲ့ကြောင်း ၊ ရောဂါပိုး တွင် နယ်နိမိတ် ကန့်သတ်ထားခြင်း မရှိသည့် အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း မှ အတူတကွ ရင်ဆိုင်ဖြေရှင်းရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ပြောရေးဆိုခွင့်ရှိသူ က တရုတ် နိုင်ငံ အနေဖြင့် ဆက်လက်၍ ဂျပန် နိုင်ငံ အား အတတ်နိုင်ဆုံး ကူညီထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်ပြီး အနီးကပ်ပူးပေါင်းဆက်သွယ်မှု ကို ဆောင်ရွက်သွားလိုကြောင်း ၊ တရုတ်-ဂျပန် နှစ်နိုင်ငံ အနေဖြင့် အတူတကွ လက်တွဲကာ ကပ်ရောဂါ အား အမြန်ဆုံး နှိမ်နင်း၍ နှစ်နိုင်ငံ နှင့် ကမ္ဘာ့ ပြည်သူများ ကျန်းမာရေး နှင့် လုံခြုံရေး အား ထိန်းသိမ်းသွားလိုကြောင်း ပြောကြား ခဲ့သည်။ (Xinhua)