ပေကျင်း၊သြဂုတ် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ နှစ်ပေါင်း ၉ဝ ကျော်ကာလအတွင်း ကျဆုံးသွားခဲ့ကြသည့် အာဇာနည်များ နှင့် ကွယ်လွန်သွားခဲ့ကြပြီးဖြစ်သည့် PLA ကိုတည်ထောင်ခဲ့ကြသော တော်လှန်ရေးရဲဘော်များအား သြဂုတ်လ ၁ ရက်တွင် ဦးညွှတ်အလေးပြုခဲ့ကြောင်း သိရသည်။
ပေကျင်း၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) အပေါ် တရုတ် ကွန်မြူနစ်ပါတီ (CPC) က အပြည့်အဝ ဦးဆောင်ကြောင်း သမ္မတ ရှီကျင့်ဖိန်က သြဂုတ်လ ၁ ရက်က ထပ်လောင်းပြောကြားခဲ့သည်။
ပေကျင်း ၊ သြဂုတ် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ပြည်သူအတွက်တိုက်ပွဲဝင်ရမည့် တာဝန်ဝတ္တရားများကို စိတ်နှလုံးထဲအမြဲသွင်းထားကြရန် တရုတ်စစ်တပ်အား တိုက်တွန်းစကားပြောကြားခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နိုင်ငံ၏အချုပ်အခြာအာဏာ ၊ လုံခြုံရေး သို့မဟုတ် ဖွံ့ဖြိုးမှုအကျိုးစီးပွားများကို ထိပါလာလျှင် မည်သည့် အခါမျှ စေ့စပ်ဆွေးနွေးမှုပြုလုပ်သွားမည်မဟုတ်ကြောင်း သမ္မတရှီကျင့်ဖိန်က သြဂုတ်လ ၁ ရက်တွင်ပြုလုပ်သည့် တရုတ်တပ်မတော်နေ့အခမ်းအနားတွင် ပြောကြားလိုက်သည်။
ပေကျင်း ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ထောင့်တင်းခိုင်မာသော တပ်မတော်တစ်ခုကို တည်ဆောက်ရန် မျိုးဆက်သစ်များအနေဖြင့် “စွမ်းရည်ပြည့်ဝသော ၊ ရဲရင့်သော ၊ ဂုဏ်သိက္ခာရှိသော” စစ်တပ်ဖြစ်အောင် စိတ်ဓာတ်များ ထားရှိရမည်ဖြစ်ကြောင်း ယနေ့( သြဂုတ်လ ၁ ရက်)တွင် ပြောကြားခဲ့သည်။
Jiangxi ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်ခြင်း နှစ် ၉ဝ ပြည့် ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တရုတ်နိုင်ငံ အရှေ့ပိုင်း Jiangxi ပြည်နယ် Nanchang မြို့ရှိ ပလာဇာတစ်ခုတွင် ပန်းပုရုပ်တုများကို ခင်းကျင်းပြသထားကြောင်း သိရသည်။
ပေကျင်း ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဇူလိုင်လ ၃၁ ရက် ညပိုင်းက ပြုလုပ်ခဲ့သည့် သြဂုတ်လ ၁ ရက်တွင် ကျရောက်မည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်ခြင်း နှစ် ၉ဝ ပြည့် ဂုဏ်ပြုညစာစားပွဲကို တက်ရောက်ခဲ့ကြောင်း သိရသည်။
မွန်ဂိုလီးယား၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ၏ ခေါင်းဆောင်မှုအား အကြွင်းမဲ့ လိုက်နာရမည်ဖြစ်ကြောင်း ဇူလိုင် ၃၀ ရက်က အမိန့်ပေးညွှန်ကြားခဲ့သည်။
ZHURIHE ၊ မွန်ဂိုလီးယား ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ နှစ် ၉ဝ ပြည့် အခါသမယတွင် ၎င်း၏ ဆယ်စုနှစ် ၉ခုကြာအောင် တရုတ်နိုင်ငံ နှင့် တရုတ်ပြည်သူတို့အား အလုပ်အကျွေးပြုခဲ့ခြင်းအပေါ် ချီးကျူးဂုဏ်ပြုလိုက်ကြောင်း သိရသည်။
မွန်ဂိုလီယား၊ ဇူလိုင် (၃၀) ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ဘက် မွန်ဂိုလီးယားအတွင်းပိုင်း အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ Zhurihe စစ်တပ်လေ့ကျင့်ရေးအခြေစိုက်စခန်း၌ ဇူလိုင် ၃၀ ရက် တွင် နှစ် (၉၀) ပြည့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) တည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုစစ်ရေးပြအခမ်းအနား စတင်ကျင်းပခဲ့ကြောင်း သိရသည်။