Connect with us

Science & Technology

တရုတ်နိုင်ငံက အမြင်အာရုံခံစနစ်ဖြင့် အဝေးထိန်း ဂြိုဟ်တုသစ် တစ်စင်း အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့

တရုတ်နိုင်ငံ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အောက်တိုဘာ ၁၂ ရက် ပေကျင်းစံတော်ချိန် ၀၀:၅၇ နာရီက Long March-3Bဖြင့် လွှတ်တင်ခဲ့သော Gaofen-13ဂြိုဟ်တုအား တွေ့ရစဉ်(ဆင်ဟွာ)

ရှီးချန်း၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် အမြင်အာရုံခံစနစ်ဖြင့် အဝေးထိန်းဂြိုဟ်တုသစ်တစ်စင်းကို ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အောက်တိုဘာ ၁၂ ရက် ပေကျင်းစံတော်ချိန် ၀၀:၅၇ နာရီက အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အောက်တိုဘာ ၁၂ ရက် ပေကျင်းစံတော်ချိန် ၀၀:၅၇ နာရီက Long March-3Bဖြင့် လွှတ်တင်ခဲ့သော Gaofen-13ဂြိုဟ်တုအား တွေ့ရစဉ်(ဆင်ဟွာ)

အမြင်အာရုံခံစနစ်သုံး အဝေးထိန်းဂြိုဟ်တု Gaofen-13ကို Long March-3B သယ်ဆောင်ရေးဒုံးပျံနှင့်အတူ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ Gaofen-13သည် အမြင့်ဆုံး- ဂြိုဟ်ပတ်လမ်းအတွင်း အမြင်အာရုံခံစနစ်ဖြင့် အဝေးထိန်းဂြိုဟ်တု အမျိုးအစား ( high-orbit optical remote-sensing) ဖြစ်ရာ အဓိကအားဖြင့် မြေယာလေ့လာခြင်း၊ သီးနှံထွက်နှုန်းခန့်မှန်းခြင်း၊ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲခြင်း၊ ရာသီဥတုကြိုတင်ခန့်မှန်းသတိပေးခြင်း နှင့်ဘေးအန္တရာယ်ကာကွယ်လျှော့ချရေးကဏ္ဍများအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။ယခုဂြိုဟ်တုလွှတ်တင်မှုသည် Long March စီးရီးဒုံးပျံထိပ်ဖူးကိုအသုံးပြု၍ ၃၄၉ ကြိမ်မြောက် ဂြိုဟ်တုလွှတ်တင်ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)