Connect with us

Science & Technology

တရုတ်နိုင်ငံတွင် မောင်းသူမဲ့ လေယာဉ်မောင်းနှင်ရေး သင်တန်း ခေတ်စားလာ

မောင်းသူမဲ့ လေယာဉ် (Drone ) တစ်စီး အား တွေ့ရစဉ် (ဆင်ဟွာ)

ရှန်တုန်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်လူမျိုး အများစုသည် မောင်းသူမဲ့ လေယာဉ် (Drone ) ထုတ်လုပ်မှု ကဏ္ဍတွင် များစွာ စိတ်ဝင်စား လာကြပြီး ၎င်းမောင်းသူမဲ့ လေယာဉ်များသည် နယ်ပယ် ကဏ္ဍ အသီးသီးတွင် အလွန် အသုံးဝင်လာကြောင်း သိရသည်။

တရုတ်နိုင်ငံ ရှန်ုတုန်း ပြည်နယ်ရှိ ဒရုန်း (ခေါ်) မောင်းသူမဲ့ လေယာဉ်ငယ် မောင်းနှင်ရေး သင်တန်းကျောင်း၌ သင်တန်းသားများအား မောင်းသူမဲ့ လေယာဉ်ငယ် ထိန်းချုပ် မောင်းနှင်ခြင်း နည်းစနစ်များ အပါအဝင် မောင်းသူမဲ့ လေယာဉ်ငယ်၏ အစိတ်အပိုင်း အချို့ကို ကိုယ်တိုင် ဖန်တီးနိုင်ရန် သင်ကြား ပေးလျက် ရှိကြောင်း သိရသည်။

သင်တန်းကျောင်းသို့ တက်ရောက်လိုသူများ အနေဖြင့် meteorology နှင့် aerodynamics ဆိုင်ရာ ဘာသာရပ် နှစ်ခုအား တက်ရောက်ရန် လိုအပ်ကြောင်း သိရသည်။ မောင်းသူမဲ့ လေယာဉ်ငယ် မောင်းနှင်ရေး သင်တန်းသည် အချိန်ကာလ အနေဖြင့် ၂ ပတ် ကြာမြင့်မည် ဖြစ်ကာ သင်တန်းကြေး အဖြစ် တရုတ်ယွမ် ၁၀,၀၀၀ (အမေရိကန် ဒေါ်လာ ၁၅၀၀) ကျသင့်မည် ဖြစ်ကြောင်း သိရသည်။

မောင်းသူမဲ့ လေယာဉ်ငယ် မောင်းနှင်ရေး သင်တန်းကျောင်း ဒါရိုက်တာ ဝူရှောင်မင်း က သင်တန်းကျောင်းသို့ တက်ရောက်ခြင်းဖြင့် သင်တန်းသားများသည် ဒရုန်း လေယာဉ်များအား ကောင်းစွာ ထိန်းချုပ် မောင်းနှင်နိုင် မည့်အပြင် ပြုပြင် ထိန်းသိမ်းသည့် နည်းစနစ်များ အား တတ်မြောက်နိုင်သည် ဖြစ်ကြောင်းနှင့် အရေးပေါ် အခြေအနေ များတွင် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အတွက် ဒရုန်း အသုံးပြုပုံများကိုလည်း သင်ကြားပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် စံချိန် စံညွှန်းများနှင့် ပြည့်မီသော မောင်းသူမဲ့ လေယာဉ်ငယ် မောင်းနှင်ရေး သင်တန်းကျောင်း ၄၅ ကျောင်း ရှိပြီး သင်တန်းသား ၂၀၀,၀၀၀ အား သင်ကြားပေး လျက်ရှိကြောင်း တရုတ် နိုင်ငံ လေယာဉ်ပျံ နှင့် လေယာဉ်မှူးများ အသင်းအဖွဲ့၏ အချက်အလက်များအရ သိရသည်။
တရုတ်နိုင်ငံ ဒရုန်းဆိုင်ရာ ဥပဒေ များအရ အလေးချိန် ၇၀ ကီလိုဂရမ် နှင့် အထက် ရှိပြီး အမြင့် ၁၂၀ မီတာထက် ကျော်လွန်သော ဒရုန်းမောင်းနှင်သူများ သည် မောင်းနှင်ခွင့် လိုင်စင် ကိုင်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117