Connect with us

Science & Technology

တရုတ်နိုင်ငံပိုင် ဆက်သွယ်ရေး အော်ပရေတာ သုံးခု၏ ဥက္ကဋ္ဌအသစ်များ ကြေညာ

ကမ္ဘာ့အကြီးဆုံး တရုတ်နိုင်ငံပိုင် ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သော ချိုင်းနားမိုဘိုင်း အဆောက်အဦး (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

တရုတ် အစိုးရက အင်တာနက် မြန်နှုန်း တိုးမြင့်လာစေရန်နှင့် သုံးစွဲသူများအတွက် ကုန်ကျစရိတ် နည်းစေရန် ကြိုးပမ်း နေချိန်တွင် တရုတ်နိုင်ငံမှ ဆက်သွယ်ရေး ဝန်ဆောင်မှု ထောက်ပံ့သူ သုံးခုသည် ၎င်းတို့၏ ဥက္ကဋ္ဌ အသစ်များအား တနင်္လာနေ့က ခန့်အပ်ခဲ့သည်။အသက် ၆၀ နှစ်အရွယ် ရှန်ပင်း အား ရှီကောဟွာ နေရာတွင် အစားထိုး၍ ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး အော်ပရေတာ ချိုင်းနားမိုဘိုင်း၏ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့သည်။

ရှန်သည် ယခင်က ချိုင်းနား ယူနီကွန်းနှင့် ချိုင်းနား တယ်လီကွန်း၏ အကြီးတန်း မန်နေဂျာ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး၊ ၂၀၁၁ ခုနှစ်မှ စတင်၍ စက်မှု နှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဋ္ဌာန ဒုတိယ ဝန်ကြီး အဖြစ် တာဝန်ထမ်း ဆောင်လျက်ရှိသည်။
ချိုင်းနာ တယ်လီကွန်း၏ ယခင် ဥက္ကဋ္ဌ ဝမ်ရှောင်ချူ နှင့် ချိုင်းနားယူနီကွန်း၏ ယခင် ဥက္ကဋ္ဌ ချန်းရှောင်ပင်းတို့ကို လည်း နေရာ အပြောင်းအလဲ ပြုလုပ်ခဲ့သည်။

နိုင်ငံပိုင် ကုမ္ပဏီကြီးများအား ဦးဆောင်မည့်သူများ ရာထူးအပြောင်းအလဲ ပြုလုပ်ခြင်းသည် တရုတ်နိုင်ငံတွင် ထူးခြားသော လုပ်ဆောင်မှုတော့ မဟုတ်ပေ။ အမှုဆောင် အရာရှိများ အပြောင်းအလဲ လုပ်ခြင်းသည် သာမန် ကိစ္စရပ်သာ ဖြစ်ပါသည်။

အဆိုပါ တယ်လီကွန်း သုံးခု၏ ၂၀၁၅ ခုနှစ် ပထမနှစ်ဝက် ဝင်ငွေ စုစုပေါင်းသည် ယွမ် ၇၅.၃ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၁၁.၈ ဘီလီယံ) ရှိခဲ့ပြီး 4G သုံးစွဲသူများလည်း တိုးတက်လာခဲ့ခြင်းကြောင့် ဖြစ်သည်။ ဇူလိုင်လကုန် တွင်တော့ 4G သုံးစွဲသူ ၂၅၀ မီလီယံ ရှိခဲ့ပါသည်။

တရုတ်အစိုးရသည် အင်တာနက် မြန်နှုန်း မြင့်လာစေရေးနှင့် သုံးစွဲခ နှုန်းထား သက်သာ စေရေးအတွက် အော်ပရေတာ ကုမ္ပဏီ သုံးခုအား တောင်းဆိုထားပြီး ကုန်ထုတ်လုပ်ခြင်း နှင့် အခြား ရိုးရာ ယဉ်ကျေးမှု ကဏ္ဍများအား သတင်း အချက်အလက် နည်းပညာများဖြင့် ပေါင်းစည်းရန် အင်တာနက် ပလပ်စ် စည်းရုံး လှုံ့ဆော်မှု (Internet Plus Campaign) ပြုလုပ်ထား ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117