Connect with us

Science & Technology

ရထား လုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှု အရှိန်မြှင့်တင်ရန် တရုတ်နှင့် ထိုင်းနိုင်ငံတို့ သဘောတူ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (ဘယ်) နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒန်ပရာမုဝီနိုင် တို့ တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ပူးတွဲ ရထား စီမံကိန်း တစ်ခုအား အရှိန်မြှင့် ဆောင်ရွက်ရန် တရုတ်နှင့် ထိုင်းနိုင်ငံတို့ သဘောတူလိုက်ကြပြီး ယခု နှစ်အတွင်း အဆောတလျင် စတင်နိုင်ရန် ရှိကြောင်း သိရသည်။

အဆိုပါ ရထား စီမံကိန်းသည် တရုတ်-ထိုင်း ပူးပေါင်း ဆောင်ရွက်မှုတွင် ဦးစားပေးနှင့် စိတ်ဝင်စားဖွယ် ကောင်းသော စီမံကိန်းတစ်ခုလည်း ဖြစ်သည်။ နှစ်နိုင်ငံလုံး က အဆောတလျင် စတင်နိုင်ရန် မျှော်လင့် ထားကြောင်း ပေကျင်းသို့ ရောက်ရှိနေသော ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒန် ပရာမုဝီနိုင် နှင့် တွေ့ဆုံစဉ်တွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ပြောသည်။

ဝန်ကြီးချုပ် လီသည် လွန်ခဲ့သောနှစ် ဒီဇင်ဘာလ အတွင်း ထိုင်းနိုင်ငံသို့ အလည်အပတ် ရောက်ရှိစဉ်က ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနှင့် ထိုင်းနိုင်ငံ အရှေ့မြောက် နန်ခိုင်ပြည်နယ်၊ ဘန်ကောက်နှင့် ရယောင်းပြည်နယ် များနှင့် ချိတ်ဆက်မည့် မြန်နှုန်း အလယ်အလတ်ရှိသော ရထားလမ်းအား ပူးတွဲ လုပ်ဆောင်ကြရန် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြသည်။ ထို ရထားလမ်းသည် တရုတ်နိုင်ငံ တောင်ပိုင်း၊ လာအိုနှင့် ထိုင်းနိုင်ငံ တလျှောက် ပြေးဆွဲမည့် ရထားလမ်း စီမံကိန်း၏ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။

“ဒီရထားလမ်းက နှစ်နိုင်ငံ စီးပွားရေးနဲ့ ကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်ရာမှ လွယ်ကူချောမွေ့စေရေးနဲ့ တရုတ်၊ ထိုင်းနဲ့ အင်ဒို-တရုတ် ကျွန်းဆွယ် အတွင်းက ပြည်သူ အချင်းချင်း ဆက်ဆံရေး တွေ အတွက်လဲ မြှင့်တင် ပေးပါလိမ့်မယ်” ဟု လီက မှတ်ချက်ပြုသည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိကလည်း ၎င်းတည်ဆောက်ရေး လုပ်ငန်းသည် အာရှ ဖြတ်ကျော် ရထားလမ်း ကွန်ရက် အတွက် ထိုးဖောက်ကျော်လွှားမှု တစ်ရပ် ဖြစ်ကြောင်း ပရာမုဝီနိုင်နှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့ သည်။ ယင်းစီမံကိန်းသည် ထိုင်းနိုင်ငံ ရေရှည် ဖွံ့ဖြိုးမှု အတွက် အထောက်အကူ ဖြစ်စေပြီး ဒေသတွင်း ဆက်သွယ်မှု အချက်အချာ အဖြစ် အပြည့်အဝ အသုံးပြုနိုင်မည် ဖြစ်သည်။

ထိုင်းနိုင်ငံ ခြားရေး ဝန်ကြီး ပရာမုဝီနိုင်က တရုတ်နိုင်ငံ နှင့် ရထားလမ်း စီမံကိန်း ပူးပေါင်း တည်ဆောက်မှုသည် အရေးပါလှသလို တရုတ်နိုင်ငံ၏ ခေတ်သစ် ပိုးလမ်းမသစ် စီမံကိန်းအား ထောက်ခံပါကြောင်း နှင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်၍ ပွင့်လင်း မြင်သာမှုရှိသော မူဘောင်များဖြင့် လုပ်ကိုင်သွားမည်ဟု ပြောကြားခဲ့သည်။

တရုတ်နှင့် ထိုင်းနှစ်နိုင်ငံသည် Lantsang- Mekong ပူးပေါင်း ဆောင်ရွက်မှု ယန္တရားအား စတင်ရန် သဘောတူခဲ့ပြီး လိုက်လျော ညီထွေရှိသော ပူးပေါင်း ဆောင်ရွက်မှုများဖြင့် မဲခေါင်မြစ်ကြောင်း တလျှောက်ရှိ နိုင်ငံများ ဘုံဖွံ့ဖြိုးမှုအား နားလည် သဘော ပေါက်စေရန် ရည်ရွယ် ထားကြောင်း ဝမ်က ဆိုသည်။

ထိုင်းနိုင်ငံ ဘက်ကလည်း Lantsang- Mekong ပူးပေါင်းဆောင်ရွက်မှု ယန္တရား မူဘောင်များ အောက်မှ ရေအရင်းအမြစ် ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာစေရန်၊ မိုးခေါင်မှုအား ထိန်းချုပ်နိုင်ရန်နှင့် သဘာဝဘေး လျော့ကျစေရန် စသည့် ကဏ္ဍများ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပရာမုဝီနိုင် ကပြောသည်။

နှစ်နိုင်ငံ တာဝန်ရှိသူများသည် တရုတ်နှင့် အာဆီယံ နိုင်ငံများ ဆက်ဆံရေး အကြောင်းလည်း ဆွေးနွေး ခဲ့ကြသည်။ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ဒန်ပရာမုဝီနိုင် သည် ဝန်၏ ဖိတ်ကြားချက်ဖြင့် တရုတ်နိုင်ငံသို့ အောက်တိုဘာလ ၈ ရက်မှ ၁၀ ရက် အထိ တရားဝင် ချစ်ကြည်ရေး ခရီးအဖြစ် ရောက်ရှိနေခြင်း ဖြစ်သည်။ (Xinhua)