Connect with us

Science & Technology

လျှပ်စစ်ကား ငါးသန်းအတွက် ဓာတ်အားသွင်းရန် နေရာများ ၂၀၂၀ အတွင်း တရုတ်နိုင်ငံ တည်ဆောက်မည်

လျှပ်စစ်ကားများ အတွက် ဓာတ်အားသွင်းရန် နေရာ တည်ဆောက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် လာမည့် ၂၀၂၀ ခုနှစ်မတိုင်မီ လျှပ်စစ်ကား ငါးသန်းအတွက် လုံလောက်သော ဓာတ်အားသွင်း ရန်နေရာများ နိုင်ငံနှင့်တဝန်း တည်ဆောက်သွားရန် ရှိကြောင်း အောက်တိုဘာလ ၉ ရက်က ကြေညာလိုက်သည်။

တည်ဆောက်မှု များအား အရှိန်မြှင့်ရန် အတွက် အစိုးရက ပုဂ္ဂလိက ငွေကြေး အရင်းအနှီးများဖြင့် သုံးစွဲသွားရန် အားပေးသွားမည် ဖြစ်ပြီး ဓာတ်အားသွင်း ကိရိယာ ထုတ်လုပ်သူများအား corporate စာချုပ်များဖြင့် ခွင့်ပြုခြင်း၊ ပင်စင် ရန်ပုံငွေမှ ရင်းနှီးမြှုပ်နှံမှု ရှာဖွေခြင်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ် အစိုးရအဖွဲ့ နိုင်ငံတော် ကောင်စီမှ အောက်တိုဘာလ ၉ ရက်က ထုတ်ပြန်သော လမ်းညွှန်ချက်တွင် ဖော်ပြထားသည်။

ဤသို့ လုပ်ဆောင်မှုသည် စွမ်းအင်သစ်ဖြင့် ယာဉ်များသုံးစွဲမှု ကဏ္ဍတွင် လောင်စာ ပြန်လည် ဖြည့်စွမ်းနိုင်ရန် အစိုးရ၏ နောက်ဆုံးပေါ် လုပ်ဆောင်ချက်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117