Connect with us

Science & Technology

တရုတ်နိုင်ငံက အဝေးထိန်းအာရုံခံစနစ်ပါရှိသည့် ဂြိုလ်တုများလွှတ်တင်

တရုတ်နိုင်ငံက အဝေးထိန်းအာရုံခံစနစ်ပါရှိသည့် ဂြိုလ်တုများလွှတ်တင်စဉ် (ဆင်ဟွာ)

ရှီချန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှိ ရှီချန်ဂြိုလ်တုလွှတ်တင်ရေးစင်တာ မှ အဝေးထိန်းအာရုံခံစနစ်ပါရှိသည့် ဂြိုလ်တုများကို Long March-2C ဂြိုလ်တုသယ်ဆောင်ရေးဒုံးပျံဖြင့် ဒီဇင်ဘာ ၂၆ရက် နံနက် ၃း၄၄နာရီတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂြိုလ်တုများသည် သတ်မှတ်ဂြိုလ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားပြီဖြစ်ကာ လွှတ်တင်မှု အောင်မြင်ကြောင်း သိရသည်။

Yaogan-30 စီမံကိန်း၏ တတိယမြောက်လွှတ်တင်မှုအဖြစ် ယင်းဂြိုလ်တုများသည် လျှပ်စစ်သံလိုက်ပတ်ဝန်းကျင် လေ့လာစောင့်ကြည့်မှု နှင့် အခြား စမ်းသပ်ချက်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခု လွှတ်တင်မှုသည် Long March ဂြိုလ်တုသယ်ဆောင်ရေးဒုံးပျံ ၏ အကြိမ် ၂၆၀မြောက် လွှတ်တင်မှုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.