Connect with us

Science & Technology

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ် လေ့လာရေးယာဉ်က ကမ္ဘာမြေနှင့် လ၏ ပုံရိပ်များ ဖမ်းမိ

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်လေ့လာရေးယာဉ် ထျန်းဝန်-၁ (Tianwen-1)က ကမ္ဘာမြေပြင်မှ ခရီးအကွာအဝေး ကီလိုမီတာ ၁.၂ သန်းကျော်မှနေ၍ ကမ္ဘာဂြိုဟ်နှင့် လ၏ ပုံရိပ်အား ရိုက်ကူးထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံအုပ်ချုပ်ရေးဦးစီးဌာန)

ပေကျင်း၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်လေ့လာရေးယာဉ် ထျန်းဝန်-၁ (Tianwen-1) သည် ကမ္ဘာဂြိုဟ်မှ ကီလိုမီတာ ၁.၂ သန်းကျော် အကွာအဝေးမှနေ၍ ကမ္ဘာဂြိုဟ်နှင့် လ၏ ပုံရိပ်ကို ဖမ်းယူရရှိခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံအုပ်ချုပ်ရေးဦးစီးဌာန (CNSA) က ဇူလိုင် ၂၈ ရက်တွင် ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံသည် ဆိုလာစနစ်စူးစမ်းလေ့လာမှုများစတင်သည့် ပထမခြေလှမ်းအဖြစ် ပထမဆုံး အင်္ဂါဂြိုဟ်ခရီးစဉ် ထျန်းဝန်-၁ (မိုးကောင်းကင်သို့ မေးခွန်းများ) ကို ဇူလိုင် ၂၃ ရက်ကလွှတ်တင်ခဲ့သည်။ 

အဆိုပါ ထျန်းဝန်-၁ သည် ဇူလိုင် ၂၇ ရက်က တည်နေရာပြအာရုံခံစနစ်ဖြင့် ကမ္ဘာမြေနှင့် လ ပါဝင်သော ဓာတ်ပုံတစ်ပုံကို ရိုက်ယူခဲ့သည်။ အဖြူနှင့် အမည်းပုံရိပ်တွင် ကမ္ဘာဂြိုဟ်နှင့် လတို့အား ကျယ်ပြန့်လှသော နေစကြဝဠာကြီးအတွင်း လခြမ်းပုံသဏ္ဍာန် အကြီးတစ်ခု၊ အသေးတစ်ခုစီဖြင့် ပုံရိပ်အဖြစ် မြင်တွေ့ရသည်။ 

CNSA ၏ အဆိုအရ ထျန်းဝန်-၁ သည် ကမ္ဘာမြေဆွဲအားမှ  လွန်မြောက်သွားပြီး ကမ္ဘာဂြိုဟ်-အင်္ဂါဂြိုဟ် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်းနှင့် ကမ္ဘာဂြိုဟ်မှ အကွာအဝေး ကီလိုမီတာ ၁.၅ သန်း ကျော်တွင် ခရီးနှင်လျက်ရှိကြောင်း သိရသည်။ 

အဆိုပါ ယာဉ်သည် အခြေအနေကောင်းမွန်လျက်ရှိသည်ဟု CNSA က ဆိုသည်။  (Xinhua)