Connect with us

Science & Technology

ပေကျင်းတွင် ပထမဆုံးမောင်းသူမဲ့ မြေအောက်ရထားလမ်း ဖွင့်လှစ်တော့မည်

တရုတ်နိုင်ငံ ရှိ မြေအောက်ရထားဘူတာရုံတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ပထမဆုံး မောင်းသူမဲ့ မြေအောက်ရထားများပြေးဆွဲမည့် မြေအောက်ရထားလမ်းအား ၂၀၁၇ခုနှစ်အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဒေသခံအာဏာပိုင်များက မတ် ၂၄ ရက် တွင် ပြောကြားခဲ့သည်။

အဆိုပါ မောင်းသူမဲ့ရထားလမ်းအား ပြည်တွင်းမှ အလုံးစုံဖန်တီးထုတ်လုပ်ထားပြီး တရုတ်ပြည်မကြီးပေါ်တွင် ပြေးဆွဲထားသော အလိုအလျောက် မြေအောက်ရထားလမ်း တစ်ခုဖြစ်ကြောင်း အိမ်ရာနှင့် မြို့ပြ-ကျေးလက် ဖွံ့ဖြိုးမှုဆိုင်ရာ ပေကျင်းမြို့တော်စည်ပင်သာယာရေးကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောကြားခဲ့သည်။

ရထားလမ်းအရှည် ၁၆.၆ကီလိုမီတာ ရှိသော Yanfang ရထားလမ်းအား ချို့ယွင်းချက်များ မရှိစေရန် စစ်ဆေးမှုများပြုလုပ်နေပြီး ယင်းရထားလမ်းသည် ပေကျင်းမြို့ အနောက်တောင်ဘက် Fangshanမြို့အစွန်အဖျားတွင် နေထိုင်သူများ၏ တစ်နေရာမှ တစ်နေရာ သွားလာမှုအား သက်တောင့်သက်သာရှိစေရန် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ပေကျင်းမြို့၏ ရထားလမ်းသစ်နှစ်ခုဖြစ်သော ပထမတန်းစား ခေတ်မှီ လျှပ်စစ်ရထားလမ်း နှင့် ပထမတန်းစား မြန်နှုန်းလတ်-မြန်နှုန်းနိမ့် သံလိုက်ရထားလမ်းပေါ်တွင် တည်ဆောက်နေသော အဆိုပါ မောင်းသူမဲ့ရထားလမ်း အား ၂၀၁၇ခုနှစ်အတွင်း ပြီးစီးနိုင်မည်ဟုခန့်မှန်းရကြောင်း သိရသည်။လက်ရှိတွင် ပေကျင်း၌ ခရီးအကွာအဝေး ၅၇၄ ကီလိုမီတာ ကိုလွှမ်းခြုံထားသည့် ရထားလမ်း ၁၉လမ်း ရှိပြီး ၂၀၁၇ခုနှစ်အတွင်း ခရီးအကွာအဝေး ၃၅၀ကီလိုမီတာ အထိတိုးချဲ့နိုင်စေရန် မြေအောက်ရထားလမ်း (သို့) ရထားလမ်းပိုင်းများကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117