Connect with us

Science & Technology

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုစီမံခန့်ခွဲမှုအပေါ် အဆိုပြုချက်သုံးခု ပြောကြား

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်း (Zhejiang) ပြည်နယ် Huzhou တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးသည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများ တပ်ဆင်ထားသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဒီဇင်ဘာ ၁၂ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့်ပြုလုပ်သည့် ရာသီဥတု ရည်မှန်းချက် ထိပ်သီးအစည်းအဝေး(Climate Ambition Summit) ၌ မိန့်ခွန်းပြောကြားစဉ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုစီမံခန့်ခွဲမှုအပေါ် အဆိုပြုချက်သုံးခုကို ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

“ ပထမဆုံး အနေနဲ့ကျွန်တော်တို့ဟာ အလေးထားတဲ့ ပူးပေါင်းဆောင်ရွက်မှု နဲ့ win-win ဖြစ်မှုကို အသားပေးကာ အဆင့်သတ်မှတ်ချက်တွေကို ပိတ်ပစ်ဖို့ နဲ့ ၊ ရာသီဥတုစီမံခန့်ခွဲရေးမှာ တိုးတက်မှုအသစ်ရအောင်လုပ်ဖို့ လိုအပ်ပါတယ်” ဟု ရှီက ဆိုသည်။“ ဒုတိယချက် အနေနဲ့ လူတိုင်းဟာ မိမိတို့ရဲ့ကိုယ်စီကိုယ်စီ လုပ်ဆောင်မှု တာဝန်တွေနဲ့အတူ ပါဝင်ဆောင်ရွက်ရတဲ့ ရာသီဥတုစီမံခန့်ခွဲမှု ဗိသုကာပုံစံသစ်တစ်ခုကို ဖော်ဆောင်သွားဖို့နဲ့ ရည်မှန်းချက်တွေကို မြှင့်တင်သွားဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ကမ်းခြေတစ်ခုတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးသည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများ တပ်ဆင်ထားသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးသည့် လေရဟတ်များအားတွေ့ရစဉ်(ဆင်ဟွာ)

ထို့ပြင် သမ္မတရှီက နိုင်ငံများအနေဖြင့် အစိမ်းရောင်ပြန်လည် လန်းဆန်းသစ်လွင်လာအောင် ရာသီဥတုစီမံခန့်ခွဲမှုမှာ ချဉ်းကပ်မှုပုံစံသစ်တစ်ခုကို ဖော်ဆောင်သွားရန် နှင့် ယုံကြည်မှုခိုင်မာအောင် တွန်းအားပေးရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။တရုတ်နိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်အရောက်တွင် လေစွမ်းအင် နှင့် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ၁.၂ ဘီလီယံကီလိုဝပ် ထုတ်ယူသုံးစွဲနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သမ္မတရှီက ဖြည့်စွက် ပြောကြားခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117