Connect with us

MYANMAR

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၂ ဦး ထပ်တိုး ၊ စုစုပေါင်း အတည်ပြုလူနာ ၇၈၇ ဦး ရှိလာ 

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဩဂုတ် ၃၁ ရက်(ဆင်ဟွာ)

COVID-19 ဓာတ်ခွဲနမူနာ ၁,၁၇၂ ခုအား ထပ်မံ စစ်ဆေးရာတွင် လူနာသစ် ၁၂ ဦး တွေ့ရှိခဲ့ရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ဩဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၇၈၇ ဦး ထိရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။  

ယခုတွေ့ရှိခဲ့သော COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၂ ဦးသည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ၊ ရခိုင်ပြည်နယ် ကျောက်ဖြူ ၊ စစ်တွေ ၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော် မြို့နယ်တို့မှ ဖြစ်ပြီး ၎င်းတို့မှာ  အသွားအလာကန့်သတ်ထားရှိသူ နှင့် စောင့်ကြည့်လူနာတို့ ဖြစ်ကြောင်း သိရသည်။ 

COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် ဩဂုတ် ၃၀ ရက်အတွက် စုစုပေါင်း ဓာတ်ခွဲနမူနာ ၂,၄၂၅ ခုအား စစ်ဆေးခဲ့ပြီး COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၃၈ ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှု တွင် ဩဂုတ် ၃၀ ရက်အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၅၂ ဦး ရှိကြောင်း ၊ ၎င်းတို့အနက် (၃၄၇) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများ တွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.