Connect with us

MYANMAR

မြန်မာနိုင်ငံ၌ COVID-19 ရောဂါအတည်ပြုလူနာ ၇၅,၀၀၀နီးပါး ရှိလာ

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် နှာခေါင်းစည်းများ တပ်ဆင်သွားလာစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

မြန်မာနိုင်ငံ၌ ယနေ့ (နိုဝင်ဘာ ၁၉ ရက်) ညပိုင်းအထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၇၅,၀၀၀နီးပါ ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

ယနေ့ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၁,၅၆၀ ဦးတွေ့ရှိပြီး သေဆုံးသူ ၂၆ ဦးရှိခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၇၄,၈၈၂ ဦးထိ တိုးလာပြီး သေဆုံးသူ ၁,၆၇၆ ဦးထိရှိလာကြောင်း သိရသည်။

ယနေ့ သေဆုံးသူ ၂၆ ဦးအနက် ရောဂါအခံရှိသူ ၂၁ဦးပါဝင်ကြောင်းသိရသည်။

COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ ၂၄ နာရီအတွင်းဓာတ်ခွဲနမူနာစုစုပေါင်း ၁၇,၉၅၄ခုအားစစ်ဆေးပြီးစီးခဲ့နောက် ထိုသို့ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် Rapid Antigen Diagnostic Test Kit များဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဆေးရုံကြီးများနှင့် မြို့နယ်များတွင် ဆက်လက် စစ်ဆေးလျက်ရှိပြီးအဆိုပါ စစ်ဆေးမှုများတွင် လတ်တလောအနံ့မရရှိသူများလည်းပါဝင်ကြောင်းသိရသည်။

ယနေ့ ဆေးရုံက ဆင်းခွင့်ရရှိသူ ၈၆၉ရှိသဖြင့် ဆေးရုံက ဆင်းခွင့်ရသူ စုစုပေါင်း ၅၅,၆၃၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန် တိုင်းဒေသကြီးအတွင်းအသွားအလာကန့်သတ် ထားရှိရာနေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ် ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့သည့် စုစုပေါင်း ၁,၆၇၉ ဦးအား ဟိုတယ် ကွာရတင်း၊ Facility ကွာရတင်းနှင့် တို့၏ ၎င်းတို့နေအိမ်များတွင် သွားအလာကန့်သတ်ထားရှိ၍ ဆက်လက်စောင့်ကြပ် ကြည့်ရှုသွားမည် ဖြစ်ကြောင်းလည်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.