Connect with us

VIDEO

ရှန်ဟိုင်း ဒစ်စနေ အပန်းဖြေဥယျာဉ် တစ်ခုလုံး မေ ၁၁ ရက်တွင် ပြန်လည်ဖွင့်လှစ်တော့မည်

ရှန်ဟိုင်း၊ မေ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် COVID-19 ကပ်ရောဂါ ကာလအတွင်းပိတ်ထားခဲ့သည့် ဒစ်စနေအပန်းဖြေဥယျာဉ် တစ်ခုလုံးကို လာမည့် မေ ၁၁ ရက်တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဟုသိရသည်။ ဒစ်စနေအပန်းဖြေဥယျာဉ် အတွင်းရှိ Disneytown, Wishing star park နှင့် Shanghai Disneyland Hotel တို့အား မတ်လ အစောပိုင်းကတည်းက ဖွင့်လှစ်ထားခဲ့ပြီးဖြစ်သည်။ မေ ၁၁ ရက်တွင် COVID-19 ကာကွယ်ရေး၊ ကျန်းမာရေး နှင့် စိတ်ချလုံခြုံမှုရှိစေမည့်အစီအမံများဖြင့် အပန်းဖြေဥယျာဉ် ကစားကွင်းအား ပြန်လည် ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။ လက်မှတ် များကို မေ ၈ ရက် မနက် ၈ နာရီ မှ စတင်ကာ ဒစ်စနေ အပန်းဖြေဥယျာဉ်၏ အွန်လိုင်းချန်နယ်များနှင့်  တရားဝင် ခရီးသွားမိတ်ဖက်အဖွဲ့အစည်းများမှ တစ်ဆင့် ဝယ်ယူ ရရှိနိုင်မည်ဟုသိရသည်။ စတင်ဖွင့်လှစ်သည့်ကာလသည် စမ်းသပ်ဆဲကာလဖြစ်သောကြောင့် လက်မှတ်အရေအတွက် ကန့်သတ်ထားကြောင်းနှင့် ဒစ်စနေ အပန်းဖြေဥယျာဉ်၏ အမာခံ ပရိသတ်များ အနေဖြင့် လက်မှတ်များကို အမြန်ဆုံးဝယ်ယူထားသင့်ကြောင်း Disney က အကြံပြုထားသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.