Connect with us

VIDEO

မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် တရုတ် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဦးဆောင်၍ ဆေးဘက်ဆိုင်ရာပစ္စည်းများ လှူဒါန်း (ရုပ်သံ)

ရန်ကုန် ၊ မေ ၆ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ရောဂါတိုက်ဖျက်ရေး အတွက် တရုတ်နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဦးဆောင်၍ တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် ပညာရေး ဝန်ကြီးဌာနများထံသို့ ဆေးဘက်ဆိုင်ရာ ကုသရေး ပစ္စည်းများအား  မေ ၅ ရက်တွင် ရန်ကုန်မြို့ရှိ ဆေးသုတေသန ဦးစီးဌာန၌ လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ တရုတ်နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၏ မြန်မာနိုင်ငံဆိုင်ရာ Director ဖြစ်သူ မစ္စတာ ဝန်တယ်ဆန့်(Wen Desheng) နှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းတို့က လှူဒါန်းမှု နှင့်ပတ်သက်၍ အမှာစကားအသီးသီးပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် ပညာရေး ဝန်ကြီးဌာနတို့ထံ တရုတ်နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဦးဆောင်၍ တရုတ်ကုမ္ပဏီများက နှာခေါင်းစည်းများ ၊ အကာအကွယ်ဝတ်စုံ (PPE)များ ၊ ကိုယ်အပူချိန်တိုင်းစက်များ စသည့် ဆေးဘက်ဆိုင်ရာ ကုသရေး ပစ္စည်း လှူဒါန်းမှုပမာဏမှာ တန်ဖိုးအားဖြင့် စုစုပေါင်း  တရုတ်ယွမ်ငွေ သိန်း ၅၀ ကျော် ရှိပြီး ယခုလှူဒါန်းမှုပမာဏသည် NGO အဖွဲ့အစည်းထဲတွင် ပမာဏ အကြီးဆုံး လှူဒါန်းမှု ဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ယခု လှူဒါန်းမှုတွင် တရုတ်နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဦးဆောင်၍ တရုတ်ကုမ္ပဏီများ ဖြစ်ကြသည့် Tencent ၊ Fudian ဘဏ် ၊ PENGXIN ကုမ္ပဏီတို့ နှင့် ယူနန်ပြည်နယ်မှ သက်ဆိုင်ရာဌာနတို့ ပါဝင်ကြောင်း သိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.