ဆိုးလ်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံတွင် ၂၀၂၀ပြည့်နှစ် မတ်လအတွင်း အလုပ်ခန့်ထားနိုင်မှုအရေအတွက်သည် ၂၀၁၉ ခုနှစ် အလုပ်ခန့်ထားမှုအရေအတွက်နှင့် နှိုင်းယှဉ်လျှင် ၁၉၅,၀၀၀ လျော့ကျခဲ့ရာ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ပထမဆုံး အလုပ်အကိုင်လျော့ကျမှုဖြစ်ကြောင်း စာရင်းအင်းရုံးမှ ဧပြီ ၁၇ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်မျာအရ...
ဂါဘရွန်နေ၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ဘော့ဆွာနာနိုင်ငံ အစိုးရအား ဂျက်မာဖောင်ဒေးရှင်းမှ ဒုတိယအသုတ်လှူဒါန်းသည့် ကျန်းမာရေးအထောက်အကူပစ္စည်းများ မြို့တော် ဂါဘရွန်နေသို့ ဧပြီ ၁၆ ရက် ညနေက ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဆန်ဖရန်စစ္စကို ၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စုရှိ တရုတ်ကောင်စစ်ဝန်ရုံး နှင့် တရုတ်ကုမ္ပဏီများက နိုင်ငံအတွင်း COVID-19 ရောဂါ တိုက်ဖျက်ရေး အတွက် အကာအကွယ်ဝတ်စုံ(PPE)များ ဧပြီ ၁၄ ရက်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒမတ်စကပ်စ်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဆီးရီးယားနိုင်ငံ၏ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ကူညီရန် ပထမအသုတ်လှူဒါန်းမှု အဖြစ် COVID-19 စမ်းသပ်ကိရိယာ ၂,၀၁၆ ခုကို ဧပြီ ၁၅ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
အယ်လ်ဂျီးယားစ်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံတွင် COVID-19 ဖြစ်ပွားစဉ်ကတည်းက ဒုတိယအကြိမ်မြောက် လှူဒါန်းမှုအဖြစ် တရုတ်နိုင်ငံမှ ဆေးပစ္စည်းများ ဧပြီ ၁၅ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဆိုးလ်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံတွင် COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့်ကြား ပါလီမန်ရွေးကောက်ပွဲ ကျင်းပခဲ့ရာ သမ္မတ မွန်ဂျေအင် (Moon Jae-in) ၏ အာဏာရပါတီဖြစ်သော ဒီမိုကရက်တစ်ပါတီက အပြတ်အသတ်အနိုင်ရခဲ့ကြောင်း သိရသည်။
ဆိုးလ်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံတွင် COVID-19 ဖြစ်ပွားနေသည့်ကြားမှ ဧပြီ ၁၅ ရက်တွင် ကျင်းပသော ပါလီမန်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်များက မဲရုံများသို့သွားရောက်ကာ ဆန္ဒမဲပေးခဲ့ကြကြောင်း အမျိုးသား ရွေးကောက်ပွဲကော်မရှင် အဆိုအရ သိရသည်။
ဘရာဇီးလီးယား၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) အသက် ၉၉ နှစ်အရွယ်ရှိပြီဖြစ်သော ဘရာဇီးနိုင်ငံသား ဒုတိယကမ္ဘာစစ်ပြန်ကြီး တစ်ဦးသည် COVID-19 ရောဂါမှ ပြန်လည်သက်သာလာပြီးနောက် ဘရာဇီးလီးယားမြို့ရှိ စစ်ဆေးရုံမှ ဧပြီ ၁၄ ရက်က ဆင်းခွင့်ရခဲ့ပါသည်။
နယူးယောက်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် COVID-19 ဖြစ်ပွားသူအရေအတွက်မှာ ဧပြီ ၁၄ ရက် ညနေပိုင်း၌ ၆၀၀,၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာဌာန (CSSE) အဆိုအရ သိရသည်။
စခရာမန်တို၊ ဧပြီ ၁၁ ရက် မတ်လအစောပိုင်းက အမျိုးသားတစ်ဦး ၎င်း၏နေအိမ်၌ သေဆုံးနေသည်ကို တွေ့ရသည်။ အမျိုးသမီးတစ်ဦးသည်လည်း ဖေဖော်ဝါရီလလယ်ပိုင်းက ဖျားနာခဲ့ပြီး နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။