Connect with us

Culture & Entertainment

အတာသင်္ကြန်ကာလအတွင်း  ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စေတီ၊ ပုထိုးများ ဖွင့်လှစ်သွားမည်

ပုဂံဘုရားတစ်ဆူတွင် ဘုရားဖူးမြော်ရန် လာရောက်သူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

၂၀၂၂ ခုနှစ် အတာသင်္ကြန်ကာလအတွင်း  ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စေတီ၊ပုထိုးများအား ဘုရားဖူးရန် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး  ဦးကျော်မျိုးဝင်းက ဆင်ဟွာသို့ ယနေ့ဧပြီ ၁ ရက် တွင် ဆင်ဟွာသို့ပြောသည်။

“ပုဂံဇုန်မှာရှိတဲ့ တချို့ထိန်းသိမ်းရေးလုပ်နေတဲ့ ဘုရားများမှ အပ ကျန်တဲ့ဘုရားတွေ အားလုံးကို သင်္ကြန်တွင်းမှာ ဖွင့်လှစ်သွားမှာပါ။ ကျွန်တော်တို့လည်း ကြိုတင်ပြီး Schedule တွေဆွဲထားပါတယ်။ ရှေးဟောင်းသုတေသနပြတိုက် (ပုဂံ)ကတော့ အစိုးရရုံးပိတ်ရက်တွေ အတိုင်း ပိတ်သွားမှာပါ’’ ဟု ဦးကျော်မျိုးဝင်းကပြောသည်။

ပုဂံက ယဉ်ကျေးမှုနယ်မြေဖြစ်သောကြောင့်  ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား ထိခိုက်မှုမရှိစေဘဲ ဖူးမြော်နိုင်ကြောင်း နှင့် ဘုရားဖူးများအတွက် သင်္ကြန်တွင်းလုံခြုံရေး အစောင့်အရှောက်များအားလည်း သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ထားရှိကြောင်း သိရသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းတင်ထားသောစာရင်း အရ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ၌ စေတီ၊ ပုထိုးပေါင်း ၃၈၃၇ ဆူ ရှိကြောင်း ဆိုသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117