Connect with us

Agriculture

မုံရွာ ကြက်မွေးမြူရေး ဇုန်အတွင်း H9N2 ရောဂါပိုးသစ် တွေ့ရှိရသဖြင့် ဇီဝလုံခြုံရေး ယခင်ထက် အရှိန်မြှင့်တင်

ကြက်မွေးမြူရေးဇုန်အတွင်း ဆေးဖျန်း၍ ကာကွယ်မှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

မုံရွာ ကြက်မွေးမြူရေးဇုန်အတွင်း H9N2 ရောဂါပိုးသစ် တွေ့ရှိရသဖြင့် ရောဂါကင်း၍အသေ အပျောက် မရှိသေးသော ကြက်ခြံများကို စောင့်ကြည့်၍ ဇီဝလုံခြုံရေးကို ယခင် ထက် အရှိန်မြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ယခု ဧပြီ ၃ ရက်မှ စတင်၍ ကြက်သေဆုံးမူ အများအပြား ဖြစ်ပေါ်ခဲ့သဖြင့် စစ်ဆေးတွေ့ရှိမှုအရ ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် H5N1 မဟုတ်ဘဲ အဆင့်မြင့်ပြီး အန္တရာယ်ပိုများသည့် H9N2 ရောဂါပိုးသစ်ဖြစ်ပြီး ယခု မုံရွာကြက်ဇုန်မှ တွေ့ရှိခြင်းသည် ပထမဆုံး တွေ့ရှိခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိကြောင်း သိရသည်။

ယခုအခါ မုံရွာကြက်ဇုန် အတွင်း ကြက်အသေ အပျောက်ရှိ၍ ရောဂါပိုးတွေ့သော အပိုင်းမှကြက်များကို သုတ်သင်ရှင်းလင်းနေသလို ကြက်ခြံအတွင်းရှိကျန်ရှိသော ရောဂါကင်း၍အသေ အပျောက်မရှိသေးသော ကြက်ခြံများ ကိုစောင့်ကြည့်ကာ ဇီဝလုံခြုံရေးဖြစ် သည့် ခြံဖျန်းဆေးများ ဖြန်းခြင်း၊ အပူဒဏ်ကာကွယ်နိုင်ရန် ခြံအတွင်းရေပန်းပွား များတတ်ဆင်ခြင်း၊ ခြံပတ်လည်ရေအမြဲစိုစွတ်နေအောင် အဝတ်စောင်များ ကာရံထားခြင်းများအပြင် ဇုန်အဝင်၊ အထွက်နေရာများတွင် ဆေးဖျန်း၍ ကာကွယ် မှုများကို ယခင် ထက် အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မုံရွာ ကြက်မွေးမြူရေးဇုန်အတွင်း H9N2 ဖြစ်သည်ဟု သက်ဆိုင်ရာမှ အတည်ပြုချက်ရအပြီး ရောဂါကင်းစင်ရေး အတွက် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှု ဖြင့် တိုင်းဒေသကြီးအဆင့်၊ ခရိုင် အဆင့်၊ မြို့ နယ်အဆင့်များ အပါအဝင် မွေးမြူရေးလုပ်ငန်းရှင်များ ပါဝင်သော ရောဂါ ထိန်းချုပ် ကာကွယ်ရေး အထူးအဖွဲ့ သည် ဧပြီ ၁၅ရက်မှ စတင်၍ အရှိန်တိုးမြှင့်၍ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.