Connect with us

Education & Health

ဈေးကွက် အတွင်း မှတ်ပုံတင်ထားခြင်း မရှိသော တရားမဝင် ဆေးဝါးများ စိစစ် တွေ့ရှိကြောင်း အသိပေး ထုတ်ပြန်

ကျန်းမာရေး နှင့် အားကစား ၀န်ကြီးဌာနမှ အများပြည်သူ သိရှိရန် အသိပေး နှိုးဆော်ချက

ရန်ကုန် ၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ)

အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီး ဌာန အနေဖြင့် ဈေးကွက် အတွင်းရှိ ဆေးဝါးများကို စိစစ်ခဲ့ရာ ဆေးဝါး ၁၀ မျိုးသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်း မရှိသော တရားမဝင် ဆေးဝါးများ ဖြစ်ကြောင်း စိစစ် တွေ့ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

အများပြည်သူများသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများကို ဝယ်ယူ သုံးစွဲခြင်း မပြုကြရန် နှင့် မြန်မာနိုင်ငံတွင် မှတ်ပုံတင် ရရှိထားသော ဆေးဝါးများကို ဆရာဝန် ညွှန်ကြားချက်ဖြင့် ဝယ်ယူ သုံးစွဲရန် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ အသိပေးခဲ့သည်။

ဆေးဝါး တင်သွင်း ဖြန့်ဖြူးသည့် ကုမ္ပဏီ ၊ ဆေးဝါး ရောင်းချသည့် ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင် ထားခြင်း မရှိသော ဆေးဝါးများ ၊ ဆေးဝါး အတု ၊ စံမမီ ဆေးဝါးများကို တင်သွင်း ဖြန့်ဖြူး ရောင်းချခြင်း(လက်လီ/လက်ကား) လုံး၀ မပြုရန် နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းက အမျိုးသား ဆေးဝါး ဥပဒေ ပုဒ်မ(၁၈)အရ တရား စွဲဆို အရေးယူမည် ဖြစ်ကြောင်း အသိပေးခဲ့သည်။

ထို့အပြင် ပြည်သူ့ကျန်းမာရေး အတွက် စောင့်ရှောက်မှု ဆောင်ရွက်ပေးသူများ အနေဖြင့် မိမိတို့သုံးစွဲနေသည့် ဆေးဝါးများ နှင့် ပတ်သက်၍ သံသယ ဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက သတင်းပေးပို့အကြောင်းကြား နိုင်ကြောင်း အသိပေးခဲ့သည်။

စိစစ်တွေ့ရှိခဲ့သော ဆေးဝါး ၁၀ မျိုး၏ ဆေးအမည်များမှာ Dano-TT Injection (Tetanus Vaccine (Adsorbed) IP) ၊ Diclo M Tablets (Diclofenac Sodium IP 50mg,Paracetamol IP 300mg, Magnesium Trisilicate IP 100mg) ၊ Oxypat Tablets (Diclofenac Sodium IP 50mg, Paracetamol IP 325mg) ၊ Chloramphenicol Palmitate Oral Suspension IP [Chloramphenicol 125mg (as Chloramphenicol Palmitate IP)]/5ml ၊ Anequin Tablet (Diclofenac Sodium IP 50mg) ၊ Stigmerase Injection(Neostigmine Methylsulphate IP 0.5mg)/ml ၊ Easycainne Jelly(Lignocaine Hydrochloride IP eq. to Lignocaine HCl Anhydrous 2%w/v) ၊ Dr-X 100 Tablet(Sildenafil Citrate IP eq. to Sildenafil 100mg) ၊ Mastigra 100 Tablet(Sildenafil Citrate IP eq. to Sildenafil 100mg) ၊ AARDEX Injection

(Dexamethasone Sodium Phosphate IP eq. to Dexamethasone Phosphate 4mg)/ml တို့ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.