Connect with us

Education & Health

လှိုင်သာယာမြို့နယ်ရှိ ဆေးဆိုင် (၃)ဆိုင်တွင် မြန်မာနိုင်ငံ၌ဆေးဝါးမှတ်ပုံတင် ထားခြင်းမရှိသော ဆေးဝါးများ(လိုင်းဆေး) သိမ်းဆည်းရမိ

လှိုင်သာယာမြို့နယ် "၁ဈေး"ရှိအစားအသောက်နှင့် ဆေးဆိုင်များကို ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့်ရှောင်တခင်စစ်ဆေးခြင်းဆောင်ရွက်စဉ် (ဓာတ်ပုံ--YGN FDA)

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် အတွင်း ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်နှင့်အညီရောင်းချမှု ရှိ မရှိစစ်ဆေးရာ ဆေးဆိုင် (၃)ဆိုင်တွင် မြန်မာနိုင်ငံ၌်ဆေးဝါးမှတ်ပုံတင် ထားခြင်းမရှိသော ဆေးဝါးများ(လိုင်းဆေး) သိမ်းဆည်းရမိခဲ့ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန် မှ သတင်းထုတ်ပြန်သည်။

ဆေးဆိုင်(၁)ဆိုင်တွင် စပ်ဆေးများနှင့် လိုင်းဆေးအမြောက်အများတွေ့ရှိသိမ်းဆည်းရမိ၍ အရည်အသွေး အာမခံချက်မရှိသောလိုင်းဆေးများနှင့် ပြည်သူလူထု၏ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်နိုင်သော စပ်ဆေးများကို ရောင်းချနေသောဆေးဆိုင်များအား ထိရောက်စွာအရေးယူနိုင်ရန်စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

(၂၉-၁-၂၀၁၈)ရက်နေ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်နှင့် ရန်ကုန်မြောက်ပိုင်းခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှတာဝန်ရှိသူများသည် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ရေးကော်မတီဝင်(ပြည်သူ့ကျန်းမာ၊ထွေအုပ်၊ရဲတပ်ဖွဲ့၊စည်ပင် )တို့နှင့်အတူ လှိုင်သာယာမြို့နယ် ၁ဈေးရှိ စားသောက်ကုန်ရောင်းချနေသော ဈေးဆိုင်များမှ အစားအသောက် နမူနာ ၂၀မျိုးဝယ်ယူပြီး မုန့်ဖတ်၊ ပဲပြား၊ ပဲသွေး၊ လက်ဖက်၊ ငါးပိတို့ကို test kit ဖြင့်စစ်ဆေးရာ လက်ဖက်(၁)မျိုးတွင် တားမြစ်ဆိုးဆေး Aura mine O နှင့် ပဲသွေးတွင် Formalin ပါဝင်နေသည်ကိုတွေ့ရှိရ၍ ရောင်းချနေသူများအား တားမြစ်ဓာတုဆေးပါဝင်သော ပစ္စည်းများအား ရောင်းချခြင်းမပြုရန် ဝန်ခံကတိရေးထိုးခိုင်းပြီး ရောင်းလက်စကျန်ရှိသောပစ္စည်းများကို ကော်မတီဝင်များ၏ ရှေ့မှောက်တွင်ဖျက်ဆီးခဲ့ပြီး ထုတ်လုပ်သည့်ပင်ရင်းများကိုဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမှတ်တံဆိပ်သတ်မှတ်ချက်နှင့် မကိုက်ညီသောစားသောက်ကုန်များနှင့် သံသယဖြစ်ဖွယ်ရှိသော စားသောက်ကုန်ပစ္စည်းများကိုလည်း ဓာတ်ခွဲစစ်ဆေးရန်ဝယ်ယူခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.