Connect with us

Education & Health

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန ဓာတ်ခွဲခန်း အသစ် ၂ဝ၁၇ ခုနှစ် မတ် လတွင် အပြီး တည်ဆောက်မည်

သုံးစွဲရန်မသင့်သော Cosmetics ပစ္စည်းများကို အများပြည်သူသိရှိရန် အသိပေးကြေညာစဉ် (ဓာတ်ပုံ-- FDA)

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ဓာတ်ခွဲခန်းအသစ်ကို ၂ဝ၁၇ ခုနှစ် မတ်လတွင် အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး အမြန်ဆုံး ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန် (FDA) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်မြို့၌ အစားအသောက်၊ ဆေးဝါး၊ အလှကုန်နှင့် ဆေးပစ္စည်းများကို ထိရောက်စွာ စစ်ဆေးနိုင်ရန် (FDA) ဓာတ်ခွဲခန်းအသစ်ကို ဆောက်လုပ် နေခြင်းဖြစ်ပြီး IS0 17025 အဆင့်ရှိ ဓာတ်ခွဲခန်း ဖွင့်လှစ်နိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် FDA သည်အစားအသောက်၊ ဆေးဝါး၊ အလှကုန်နှင့် ဆေးပစ္စည်းများကို ဈေးကွက်မဝင်မီ စစ်ဆေးခြင်းနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူး ပြီး ပစ္စည်းများကို စစ်ဆေးခြင်းများ ဆောင်ရွက်လျက် ရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117