Connect with us

Education & Health

အခြေခံပညာ Grade-1 မှ Grade-9 အထိ အောင်စာရင်းများကို ဇွန် ၁၃ ရက်တွင် ထုတ်ပြန်၊ အောင်ချက်များကောင်းမွန်

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊ အမှတ် ၁၉ အခြေခံပညာမူလတန်းကျောင်း တွင် နှာခေါင်းစည်းဖြင့် အောင်စာရင်းကြည့်နေသူ ကလေးငယ်တစ်ချို့ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

အခြေခံပညာ Grade-1 မှ Grade-9 အထိ အောင်စာရင်းများကို ဇွန် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ကျောင်းသားအများစုအောင်မြင်ခဲ့ကြောင်းနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများအား စစ်ဆေး လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဇွန် ၁၃ ရက်တွင် ဆင်ဟွာသို့ ပြောကြားသည်။

ဦးကိုလေးဝင်းက “အစိုးရစစ်တွေဖြစ်တဲ့ Grade-4 နဲ့ Grade-8 လည်း အောင်ချက်ကောင်းပါတယ်။ COVID-19 ကြောင့် အောင်စာရင်းတွေ ကို ၂ လ ကျော်နောက်ကျပြီးမှ ထုတ်ပြန်နိုင်ခဲ့တာပါ။ ၂၀၂၀ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းအား အမြန်ဆုံး ထုတ်ပြန်နိုင်ဖို့ စီစဉ်နေပါတယ်’’ ဟုပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊ အမှတ် ၁၉ အခြေခံပညာမူလတန်းကျောင်း တွင် နှာခေါင်းစည်းဖြင့် အောင်စာရင်းကြည့်နေသူ ကလေးငယ်တစ်ချို့ အားတွေ့ရစဉ် (ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊ အမှတ် ၁၉ အခြေခံပညာမူလတန်းကျောင်း တွင် နှာခေါင်းစည်းဖြင့် အောင်စာရင်းကြည့်နေသူ ကလေးငယ်တစ်ချို့ အားတွေ့ရစဉ် (ဆင်ဟွာ) 

လက်ရှိတွင် ကျောရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊ အမှတ် ၁၉ အခြေခံပညာမူလတန်းကျောင်း တွင် နှာခေါင်းစည်းဖြင့် အောင်စာရင်းကြည့်နေသူ ကလေးငယ်တစ်ချို့ အားတွေ့ရစဉ် (ဆင်ဟွာ) င်းများကို Social Distancing ပုံစံဖြင့် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဇူလိုင် ၂၁ ရက်တွင် အထက်တန်းကျောင်းများပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ သြဂုတ် ၄ ရက်တွင် အလယ်တန်းကျောင်း များပြန်လည်ဖွင့်လှစ်မည်ဖြစ်ကာ၊ မူလတန်းကျောင်းများ ကို သြဂုတ် ၁၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ 

မြန်မာတစ်နိုင်ငံလုံးတွင် ပုံမှန်ဖွင့်လှစ်နိုင်သည့်  ကျောင်းပေါင်း ၂၇,၀၀၀ ဝန်းကျင်ရှိကြောင်း၊  တစ်ပတ်ခြား ဖွင့်ရမည့် ကျောင်း ၁၄,၀၉၆ ကျောင်း ရှိကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ် တွင် Grade-4၊ Grade-7 နှင့် Grade-10 တို့ က သင်ရိုးသစ်ပြောင်းမည်ဖြစ်ကြောင်း၊ သင်ရိုးသစ်များအတွက် ကျောင်းသုံးဖတ်စာအုပ်အသစ်များ၊ ဆရာလမ်းညွှန် စာအုပ် အသစ်များ၏ ကာလတိုသင်ကြားသင်ယူမှုနည်းလမ်းများ၊ မွမ်းမံသင်တန်းများ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန မှ သိရသည်။  (Xinhua)