Connect with us

Education & Health

၂၀၂၀ ပြည့်နှစ်အတွင်း ဆေးပညာဆိုင်ရာ ဘွဲ့ရ လေးထောင် ပေါ်ထွက်မည်ဟု ဆို

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး ရှင်းလင်းပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂၂ ရက်(ဆင်ဟွာ)

ယခု ၂၀၂၀ ပြည့်နှစ်တွင် ဆေးပညာဆိုင်ရာ ဘွဲ့ရ ဦးရေ လေးထောင် ပေါ်ထွက်လာမည်ဟု နေပြည် တော် ပြန်ကြားရေး ဝန်ကြီးဌာန၌ ယနေ့ ညနေပိုင်း တွင် ပြုလုပ်သော အစိုးရ၏ စတုတ္ထ တစ်နှစ်တာ ဆောင်ရွက်ချက်များ သတင်းစာ ရှင်းလင်းပွဲတွင် ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားခဲ့သည်။

“ဒီနှစ်မှာ ဆေးပညာဘွဲ့ရက ၁၄၆၅ ဦး၊ သွားဘက်ဆိုင်ရာဘွဲ့က ၂၂၄ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့က ၂၈၅ ဦး၊ ဆေးဝါး သိပ္ပံက ၂၃၈ ဦး၊ သူနာပြု သိပ္ပံက ၁၁၁၆ ဦး၊ သုံးနှစ် ဒီပလိုမာက ၁၆၅၈ ဦးနဲ့ သားဖွားက ၁၃၀၀ ကျော် – စုစုပေါင်း ခုနစ်ထောင်သော ဘွဲ့ရတွေ ပေါ်ထွက် လာပါမယ်” ဟု ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ ပေါ်ထွက်လာသော ဆေးဘက်ဆိုင်ရာ ပညာရှင်များ အားလုံး အလုပ်ဝင်ကာ ကျန်းမာရေး ဝန်ဆောင်မှုများ ပေးစေလိုကြောင်းလည်း ၎င်းက ပြောခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် သူနာပြုများ နည်းပါးနေသဖြင့်  လိုအပ်ချက်အရ ပြီးခဲ့သည့် နှစ်နှစ်မှ စ၍ သူနာပြုဦးရေ တိုးမြင့် ခေါ်ယူခဲ့ရာ ပထမနှစ်တွင် ၁၈၀၀ ဦး၊ ဒုတိယ နှစ်တွင် ၃၇၀၀ ဦး၊ ယခုနှစ်တွင် ၄၅၀၀ ဦး ခေါ်ယူခဲ့ သဖြင့် လာမည့် နှစ်တွင် သူနာပြုဦးရေ လေးထောင်နီးပါး ပေါ်ထွက်လာနိုင်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ယခု စတုတ္ထတစ်နှစ်တာအတွင်း၌ ပြည်သူ့ ကျန်းမာရေးအတွက် အကောင်းဆုံး ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ရန် ဆရာဝန် ၇၂၃ ဦး၊ သူနာပြု ၁၇၇၄ ဦး၊ သားဖွား ၈၃၉ ဦး၊ အခြား ဝန်ထမ်း ၁၀၆၂ ဦး၊ စုစုပေါင်း ၄၃၉၈ ဦး ခန့်အပ်ခဲ့ကြောင် နှင့်ဝန်ဆောင်မှု လုပ်ငန်းများ ပိုမို ထိရောက်စေရန် မဟာဘွဲ့ ၊ ပီအိတ်ချ်ဒီ ဘွဲ့များအတွက် နိုင်ငံခြားသို့ စေလွှတ်ခဲ့ရာ စတုတ္ထ တစ်နှစ်တာ အတွင်း Ph.D ၃၁ ဦး၊ မဟာသိပ္ပံ ၄၇ ဦး၊ ခြောက်လအောက် သင်တန်း ၄၂၁ သီး၊ ခြောက်လ အထက် ၇၃ ဦး၊ အစည်းအဝေးနှင့် အလုပ်ရုံ ဆွေးနွေးပွဲများအတွက် ၁၉၄၇ ဦး၊ စုစုပေါင်း ၂၅၄၇ ဦးတို့ကို စေလွှတ်နိုင်ခဲ့ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ဖြည့်စွက် ပြောကြားခဲ့သည်။

ဝန်ဆောင်မှု ပိုင်းအနေဖြင့် ၂၀၁၉ တစ်နှစ်တာအတွင်း ပြင်ပလူနာပေါင်း ၁၁ ဒသမ ၉ သန်း၊ အတွင်းလူနာပေါင်း ၃ ဒသမ ၁ သန်းကို ကုသပေးနိုင်ခဲ့ပြီး ခွဲစိတ်မှုပေါင်း ရှစ်သိန်းခန့်အား ဆောင်ရွက်နိုင်ခဲ့ရာ ရင်ခေါင်းခွဲ စိတ်မှု တစ်ထောင်ကျော်၊ နှလုံးသွေးကြော ခွဲစိတ်မှု၅၈၀၀ ကျော်၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်မှု ၈၅၀ ကျော်တို့ ပါဝင်ကြောင်းလည်း ၎င်းက ဖြေကြားခဲ့သည်။

“ခွဲစိတ်ရာမှာ အရေးပါတဲ့ အမျိုးသား သွေးဌာနက စတုတ္ထတစ်နှစ်အတွင်းမှာ သွေး ယူနစ်ပေါင်း နှစ်သိန် နီးပါးကို ပုဂ္ဂလိက ဆေးရုံတွေ ပြည်သူ့ ဆေးရုံတွေကို အလကား ပေးနိုင်ခဲ့ပါတယ်၊ ဒါ့အပြင် ဗဟိုအမျိုးသမီး ဆေးရုံမှာ ဖန်ပြွန် သန္ဓေသားဌာန ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ကလေး သုံးယောက်လောက် မွေးဖွား အောင်မြင်ခဲ့ပါတယ်” ဟုလည်း ပြည်ထောင်စု ဝန်ကြီးက ပြောကြား ခဲ့သည်။ 

ခွေးကိုက်ခံရသူများအား ခွေးရူးကာကွယ်ဆေး ထိုးပေးနိုင်ရန် ဆေးရုံကြီး ငါးရုံ (ရန်ကုန်၊ မန္တလေး၊ အင်းစိန်၊ မြောက်ဥက္ကလာနှင့် သင်္ကန်းကျွန်း)တွင် အဆင်သင့် စီစဉ်ထားရှိပေးကြောင်း၊ အဆိုပါ အစီအစဉ်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စတုတ္ထတစ်နှစ်တာ အတွင်း၌ အသည်းရောင်၊ အသားဝါ ရောဂါသည် ၃၂၀၀ ကျော်ကို ကုသပေး ခဲ့ကြောင်း၊ HIV လူနာများအားလည်း ပစ်မထားဘဲ ART အခမဲ့ ပေးလျက်ရှိရာ ယခု တစ်နှစ်တာ အတွင်း လူနာ ၁၈၀, ၀၀၀ ကျော်ကို ဆေးပေးနိုင်ခဲ့ကြောင်း၊ အမျိုးသမီး လိင်လုပ်သား များ၏ ၈၅ ရာခိုင်နှုန်းနှင့် လိင်တူ ဆက်ဆံသူများ၏ ၅၂ ရာခိုင်နှုန်းတို့ကို HIV စစ်ဆေးပေးနိုင်ခဲ့ ကြောင်း၊  မူးယစ်ဆေး ဖြတ်သည့် မက်သဒုန်းစင်တာများကို ယခုနှစ်တွင် ၁၆ ခု တိုးချဲ့ဖွင့်လှစ်နိုင်သဖြင့် မက်သဒုန်းစင်တာပေါင်း ၇၁ ခု ဖြစ်လာကြောင်း၊ ပြည်သူ့ ကျန်းမာရေးအတွက် ကျေးလက် ကျန်းမာရေး ဌာန ၇၁ ခုတွင် ဖွဲ့စည်းပုံ အသစ်ဖြင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တစ်နှစ်တာအတွင်း ကျေးလက် ကျန်းမာရေးဌာနခွဲပေါင်း  ၉၂ ခု ဖွင့်လှစ်နိုင်ခဲ့ပြီး ထပ်မံ ဖွင့်လှစ်သွားရန် အစီအစဉ် များလည်း ရှိပါကြောင်းဖြင့် ပြည်ထောင်စု ဝန်ကြီးက ရှင်းလင်း ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.